Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်သင်္ဘောကို လက်တွေ့ ပစ်ခတ် နှစ်မြှုပ်မှု မှတ်တမ်းဗီဒီယိုကို အမေရိကန် ရေတပ် ထုတ်ပြ

ရန်သူ စစ်သင်္ဘောတွေကို ပစ်ခတ်နှစ်မြှုပ်တဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ မှတ်တမ်း ဗီဒီယိုကို အမေရိကန် ပစိဖိတ် ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - US Navy

ရန်သူ စစ်သင်္ဘောတွေကို ပစ်ခတ်နှစ်မြှုပ်တဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ မှတ်တမ်း ဗီဒီယိုကို အမေရိကန် ပစိဖိတ် ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် ရေတပ်လက်အောက်ခံ အဓိက ဒေသဆိုင်ရာ စစ်ဦးစီး ဌာနတစ်ခုဖြစ်တဲ့ ပစိဖိတ် ရေတပ်က ဂျပန်၊ နယူးဇီလန် ရေတပ်တွေနဲ့ ပူးပေါင်းပြီး စစ်သင်္ဘောဟောင်းကြီး တစ်စီးကို သင်္ဘောဖျက် ဒုံးကျည်တွေနဲ့ ပစ်ခတ် နှစ်မြှုပ်မှုကို သရုပ်တူ လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

USS Juneau ကမ်းတက် စစ်သင်္ဘောအဟောင်းကြီးဟာ အမေရိကန်ပိုင် ဂူအမ်ကျွန်းနဲ့ ရေမိုင် ၂၀၀ ကျော် အကွာ ပင်လယ်ပြင်မှာ ရှိနေချိန် အမေရိကန်နဲ့ မဟာမိတ် တပ်တွေက သင်္ဘောဖျက် ဒုံးတွေနဲ့ ပစ်ခတ်နှစ်မြှုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်မှုမှာ ပစ်မှတ်ရှာဖွေမှု၊ အတည်ပြုမှုနဲ့ ပစ်ခတ်ဖျက်ဆီးမှုတွေ ရေပေါ်၊ ရေအောက်နဲ့ ဝေဟင်တပ်ဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ပစိဖိတ် ရေတပ်က ဆိုပါတယ်။ အစောပိုင်းမှာ ပစိဖိတ် ရေတပ်ဟာ အဲဒီ မစ်ရှင်အတွက် လေတပ်ရဲ့ B-2 ဗုံးကြဲလေယာဉ်ကြီး တစ်စီးကပါ တာဝေးပစ် သင်္ဘောဖျက် ဒုံးကျည်တစ်စီး ပါဝင်ပစ်ခတ်ခဲ့တယ် ဆိုတာကို အတည်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

B-2 မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီးတွေဟာ အရင်က အခုလိုမျိုး တာဝေးပစ် သင်္ဘောဖျက် ဒုံးကျည်တွေ တပ်ဆင်နိုင်စွမ်း မရှိပါဘူး။ Valiant Shield စစ်ရေးလေ့ကျင့်မှု အစီအစဉ်မှာ ပါဝင်ခဲ့တာက B-2တွေမှာလည်း အဲဒီ တိုက်ခိုက်ရေးစွမ်းရည်ကို ပထမဆုံး အောင်အောင်မြင်မြင် အသုံးပြုနိုင်တဲ့ မှတ်တိုင်သစ် ဖြစ်လာပါတယ်။

ပစိဖိတ် ရေတပ်က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာတော့ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေကနေ ဒုံးကျည်တွေ ပစ်ခတ်နေပုံ၊ ပင်လယ်ပြင်မှာ ရပ်နားထားတဲ့ သင်္ဘောကြီးကို ဒုံးကျည်တွေ ဆက်တိုက် ထိမှန်နေပုံကို တွေ့ရပါတယ်။ တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ နယူးဇီလန် တော်ဝင်ရေတပ်ရဲ့ P-8A Poseidon ရေကြောင်း ကင်းလှည့် လေယာဉ်ကနေ Harpoon ဒုံးကျည်နှစ်စင်း၊ B-2ကနေ LRASMလို့ခေါ်တဲ့ တာဝေးပစ် ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့ပြီး ဂျပန် ရေငုပ်သင်္ဘောကလည်း USS Juneauကို တော်ပီဒိုတွေနဲ့ ပစ်ခတ်ပြီး နှစ်မြှုပ်ခဲ့ကြောင်း သိရပါတယ်။

အခုလက်တွေ့ လေ့ကျင့်မှုဟာ တပ်ဖွဲ့အသီးသီးရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ပိုမိုထက်မြက်အောင် အားဖြည့်ပေးနိုင်ရုံသာ မကဘဲ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ကြောင်း အမေရိကန် ရေတပ်ရဲ့ နောက်တန်းသေနာပတိ အဲရစ် အန်ဒူဇေးက ပြောကြားသွားပါတယ်။ USS Juneauကို နှစ်မြှုပ်မှုဟာ မတူညီတဲ့ ရေပြင်၊ ဝေဟင်နဲ့ ရေအောက် ပလက်ဖောင်းတွေ ပူးပေါင်း စစ်ဆင်တဲ့ နည်းလမ်းကို လက်တွေ့ အကောင်အထည် ဖော်နိုင်မှု ဖြစ်လာခဲ့ကြောင်းလည်း သူက ရှင်းပြခဲ့ပါတယ်။

Valiant Shield စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေ ပူးပေါင်းပြီး ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်း ရေပြင်မှာ ဇွန်လ ၂၂ ရက်ကနေ ဇူလိုင်လ ၁ ရက်နေ့ထိ အတောအတွင်း ပြုလုပ်ခဲ့ပါတယ်။

ကိုးကား: Pacific Fleet

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ရွှေမင်းဂံရေတပ်စခန်းအနီးကုလားတန်မြစ်ပြင်မှာစစ်တပ်ရဲ့စစ်သင်္ဘောတစီးလက်နက်ကြီးကျည်ထိမှန် မီးလောင်၊ ပျက်စီးသွားတဲ့ ရုပ်သံဖိုင် ဒီက​နေ့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီး ဒါဟာ အာရက္ခတပ် တော်(AA)က ပစ်ခတ်လို့ ထိမှန်ပျက်စီးသွားတာဖြစ်​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထု​နွေဦးကို အတည်ပြုပါတယ်။

သတင်း

စစ်တွေမြို့ကို ပိတ်ဆို့ဝန်းရံတိုက်ခိုက်ခံနေရချိန်မှာ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်ဖို့ကြိုးစားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သေင်္ဘာ​တွေကို အာရက္ခတပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်တာကြောင့် သင်္ဘော တစီးထိမှန်ကာ စစ်သား ၂၀ ခန့်သေဆုံးခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်တပ်စစ်ကြောင်းတွေ စက်တင်ဘာ ၂၃ရက်မှာ ပြန်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။