Connect with us

Hi, what are you looking for?

သတင်း

ရွှေကူနယ်မှာ စစ်သင်္ဘော လုံခြုံရေးလာတဲ့ စစ်တပ်စစ်ကြောင်းတွေ ပြန်ဆုတ်ခွာ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်တပ်စစ်ကြောင်းတွေ စက်တင်ဘာ ၂၃ရက်မှာ ပြန်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(ကချင်ပြည်နယ်ကို တက်လာတဲ့ စစ်တပ် သင်္ဘောတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စက်တင်ဘာ ၂၃၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်တပ်စစ်ကြောင်းတွေ စက်တင်ဘာ ၂၃ရက်မှာ ပြန်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဩဂုတ်လကုန်ပိုင်းမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ စစ်တပ်က ကြိုးပမ်းစဉ် ရွှေကူနယ်နဲ့ ဗန်းမော်မြို့နယ်မှာ စစ်တပ်က သင်္ဘောလမ်းကြောင်း လုံခြုံရေးအတွက် စစ်ကြောင်းတွေနဲ့ မြေပြင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းတွေထဲက ရွှေကူမြို့နယ် ဝဲမဒေသအနီးရှိ တပ်မ(၃၃) လက်အောက်ခံ တပ်တွေနဲ့ ပူးပေါင်းတပ်တွေဟာ ဒီကနေ့ ဆုတ်ခွာသွားပြီး ရွှေကူ-ငါးအိုးလမ်းအတိုင်း ကာအစီးရေ ၃၀ကျော်နဲ့ ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို စစ်တပ်က ဆုတ်ခွာသွားလို့ KIA ပူးပေါင်းတပ်က နေရာယူတပ်စွဲထားတယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

အခုလို စစ်တပ် ဆုတ်ခွာသွားတာဟာ စစ်ဆင်ရေးပြီးဆုံးတာကြောင့် ဖြစ်သလို တိုက်ပွဲမှာလည်း အထိနာ ရှုံးနိမ့်ခဲ့ကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ရွှေကူမြို့နယ် ဇင်းဘုံဒေသ၊ ဗန်းမော်မိုု့နယ် စင်းခန်းဒေသကိုလည်း မြေပြင်စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်ခဲ့ပေမဲ့ စစ်တပ်ဘက်က တပ်ရင်းမှူးအချို့ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်များခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

အဲဒီလို မြေပြင်စစ်ကြောင်းတွေနဲ့ သင်္ဘောလမ်းကြောင်းလုံခြုံရေးတွေ လုပ်ဆောင်ခဲ့ပေမဲ့ ရည်မှန်းချက် မအောင်မြင်ခဲ့ဘဲ စစ်တပ်သင်္ဘော အစီး ၂၀ ဝန်းကျင်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ စစ်သင်္ဘောတွေ အပါအဝင် သင်္ဘောတွေ နစ်မြုပ်တာ၊ မီးလောင်တာ ၊ ပျက်စီးတာတွေ ဖြစ်ခဲ့ပါတယ်။

အဓိက တိုက်ခိုက်ခံရတဲ့ နေရာတွေဟာလည်း ရွှေကူနဲ့ ဗန်းမော်မြို့နယ်ကြားမှာ ဖြစ်ပြီး စင်းခန်း၊ ဇင်းဘုံ၊ ဝဲမ ဒေသတွေမှာ စစ်တပ်သင်္ဘောတွေ နစ်မြုပ်မီးလောင်တာအများအပြားရှိခဲ့ပါတယ်။

စစ်တပ်ဟာ အရပ်သား သင်္ဘောတွေကိုပါ အတင်းအဓမ္မ ချောဆွဲ အသုံးပြုခဲ့တာကြောင့် ပျက်စီးခဲ့တဲ့ အထဲမှာ ပုဂ္ဂလိကပိုင်သ င်္ဘောတွေလည်းပါဝင်ခဲ့ပါတယ်။ အဲဒီလို ချောဆွဲခံရတဲ့သူတွေထဲမှာ တဦးတည်း သင်္ဘော ၄စီး ပျက်စီးဆုံးရှုံးရတဲ့ အခြေအနေရှိတယ်လို့ သိရကြောင်း KIA ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဒီကနေ့ အသိပေးထားပါတယ်။

သင်္ဘောပိုင်ရှင်များသို့ လိပ်မူထားတဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်ရဲ့ စာမှာ ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များအတွက် စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားပြီး သင်္ဘောပိုင်ရှင်များ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ နွေဦးတော်လှန်ရေးကာလရဲ့ အရင်းအနှီးဖြစ်တာမို့ စီးပွားများ ပြန်လည်တိုးပါနိုင်ကြပါစေကြောင်း ဆုတောင်းပေးထားပါတယ်။ သင်္ဘောတန်ဖိုးဟာ သိန်းပေါင်း ၈ထောင်ကနေ သိန်းပေါင်း ၂သောင်းထိ ရှိတယ်လို့လည်း အသိပေးထားပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်ကအပြန်မှာလည်း ကသာနဲ့ ရွှေကူနယ်က အရပ်သားပိုင်သင်္ဘောတွေကို အသုံးပြုပြီး စုန်ဆင်းသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook