Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

အာဏာသိမ်းစစ်အုပ်စုဟာ အာဏာတည်မြဲရေး ၊ဆက်နွယ်နေသူတွေရဲ့အကျိုးစီးပွားအတွက်သာ ကြည့်ရှုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ကရင်အမျိုးသားအစည်အးရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပြီး အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်ပါတယ်။

ဇူလိုင်-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်အုပ်စုဟာ အာဏာတည်မြဲရေး ၊ဆက်နွယ်နေသူတွေရဲ့အကျိုးစီးပွားအတွက်သာ ကြည့်ရှုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ကရင်အမျိုးသားအစည်အးရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပြီး အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ (၇၇)နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ ဂုဏ်ပြုသဝဏ်လွှာမှာ ဥက္ကဋ္ဌက အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ဟာ သူတို့အာဏာတည်မြဲရေးနဲ့ နိုင်ငံတကာ အသိအမှတ်ပြု ခံရရေး အစဉ် ကြိုးပမ်းနေပြီး အဆင့်အမြင့်ဆုံးသော၊ အကောင်းဆုံးသော လက်နက်၊ နည်းဗျူဟာများကိုထုတ်သုံးကာ စစ်ရေးအရ ပြင်ဆင်မှုများ လုပ်ဆောင်နေတဲ့အပြင် သံတမန်ရေးတိုက်ပွဲ၊နိုင်ငံရေးတိုက်ပွဲများကိုလည်း အားကြိုးမာန်တက် လုပ်ဆောင်နေတယ်လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အာဏာ ဆုပ်ကိုင်ရေးနှင့် အတင်း အဓမ္မ အုပ်ချုပ်ရေးနည်းလမ်းသည် နိုင်ငံငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မည်မဟုတ်ပါ။ ဖွံ့ဖြိုးတိုးတက်လာမည် မဟုတ်ပါ၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ရန် နည်းလမ်းအ မျိုးမျိုး အသုံးပြု၍ ဆန့်ကျင် ကြရမည်သာ ဖြစ်သည်။” လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံရေးတရားမျှတမှု၊ နိုင်ငံငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြန်လည်ရယူ တည်ဆောက် နိုင်ဖို့ စစ်အာဏာရှင်နဲ့ အာဏာရှင်များကို ခုခံတော်လှန်နေကြတဲ့ လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်း များ၊ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ လူထုအခြေပြုအဖွဲ့အစည်းများ အားလုံး လက်တွဲကာ စစ်အာဏာရှင် စနစ်ကို အတူတကွ ပူးပေါင်းတိုက်ဖျက်သွားရမယ်လို့လည်း ဥက္ကဋ္ဌက ပြောကြားပါတယ်။

ကရင်အမျိုးသားများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေခြင်းဟာ မိမိတို့လူမျိုး၏သမိုင်း၊ ပြည်ထောင်စုရဲ့ သမိုင်းကို ရေးသားနေခြင်း ဖြစ်သည်သာမက နောင်အနာဂါတ်မျိုးဆက်လူငယ်များအတွက် လွတ်လပ်မှု၊ ငြိမ်းချမ်းမှု နဲ့ ဖွံ့ဖြိုးတိုးတက်မှု မျှော်လင့်ချက် သမိုင်းအမွေ ပေးအပ်ခဲ့ခြင်းလည်းဖြစ်ကြောင်း ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ခေါင်းဆောင်များနဲ့ ရဲဘော်၊ ရဲဘက်များအားလုံးဟာ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်များကို တော်လှန်နေကြတဲ့ အစုအဖွဲ့များအာလုံးနဲ့လည်း စစ်ရေးဆိုင်ရာ ပူးပေါင်း လုပ်ဆောင်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်းထည့်သွင်း ပြောကြားပါတယ်။

ဒါ့အပြင် KNU ရဲ့ ဦးဆောင်မှုအောက်မှာ ကရင်တမျိုးသားလုံးရဲ့ လိုအင်ဆန္ဒဖြစ်သော စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ခြင်း သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် လူမျိုးအားလုံးလွတ်လပ်ရေး၊ တန်းတူညီမျှ ရေး၊ ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်ခွင့် ရရှိရေး၊ လူမျိုးအားလုံး လက်တွဲခိုင်မြဲရေးနဲ့ လူမျိုးအားလုံး ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းလုပ်ဆောင်သွားကြမှာ ဖြစ်ကြောင်း ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။

သတင်း

ထိုင်း -မြန်မာနယ်စပ်မြို့၊ဘုရားသုံးဆူဒေသမှာတည်ရှိတဲ့ကရင်အမျိုး သားအစည်းအရုံး(KNU) ရဲ့အကျဉ်းထောင်ကနေပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် လ ၁ ရက်ကအကျဉ်းသားခြောက်ဦးအကျဉ်းထောင်လုံခြုံရေးအစောင့်တွေဆီကနေလက်နက်တွေလုယူပြီးထွက်ပြေးသွားကြတယ်လို့ KNU တပ်မဟာ(၆)နဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။