Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၁ရက်တည်း ကလေးငယ် ၄ ဦးသေဆုံး၊ ၇ ဦးထက်မနည်း ဒဏ်ရာရ

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင် ၁၆၊ ၂၀၂၆ ဟာနာဆန်/People’s Spring

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်က နေ့လယ် ၁နာရီခန့်က မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကန်လေးကုန်းရွာ စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ၁၃ နှစ်အရွယ် ကျောင်းသား ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ဖြိုးဝေဦးဖြစ်ပြီး အခြားကျောင်းသားတွေဖြစ်တဲ့ မောင်ကောင်းပြည့်ဇော်၊ မောင်အောင်ပြည့်ဇော်၊ မောင်သော်ဇင်ဖြိုး (ခ) အာကျယ်၊ မောင်ဇေရဲထက်၊ မောင်နေခန့်ပိုင်၊မောင်ဇင်လင်းကို၊ မောင်စိုင်းမင်းလတ်တို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကလေးတစ်ယောက်က ပေါင်ပြတ်သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁၄ရက် ညနေ ၄ နာရီခန့်ကလည်း မုံရွာမြို့ ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ဂျိုင်ရို ကော်ပတာ ၃ စီးဟာ အရာတော်မြို့နယ်၊ ကံရင်းရွာက လက်ဖက်ရည်ဆိုင်ကို လေကြောင်းတိုက်ခိုက်ရာ ၈လသား သမီးလေးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် ဇူလိုင် ၁၄ ရက် ညပိုင်းမှာတော့ ခေါင်လန်ဖူးမြို့နယ်၊ မီကူဆာကျေးရွာကို စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာအတွင်းမှ ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးထက်မနည်း မိသားစုလိုက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်းမှာပဲ ကလေးငယ် ၄ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း နိုင်ငံတစ်ဝန်းဗုံးကြဲလို့ ​သေဆုံးခဲ့တဲ့အ​ရေအတွက်ဟာ ​ထောင်​ပေါင်းများစွာရှိ​နေပြီဖြစ်ပါတယ် ။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ရဲ့ အစီရင်ခံစာအရ ၂၀၂၅ တစ်နှစ်ထဲမှာပဲ စစ်တပ်ဗုံးကြဲလို့​သေဆုံးခဲ့တဲ့ ပြည်သူ ၉၈၂ ဦးရှိတယ်လို့​ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်​ရွေး​ကောက်ပွဲကာလ ၂၀၂၅ သြဂုတ်က​နေ ၂၀၂၆ ဇန်နဝါရီအထိ စစ်တပ်​အကြမ်းဖက်သတ်ဖြတ်လို့​ သေဆုံးရတဲ့ ပြည်သူ အနည်းဆုံး ၇၀၂ ဦးရှိပြီး ဗုံးကြဲခံရလို့ ​သေဆုံးသူ ၅၀၅ ဦးပါဝင်တယ်လို OHCHR က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းမှု ၅ နှစ်ကျော် ကြာကာလအတွင်း ဒီကနေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူပေါင်းများစွာ နေ့စဉ်နဲ့အမျှ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနေရဆဲ ဖြစ်ပါတယ်။

နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း(AAPP)ရဲ့စု​ဆောင်းထားတဲ့အချက်အလက်​တွေအရလည်း စစ်အုပ်စုဟာအာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူ​ပေါင်းအနည်းဆုံး ၁၃,၀၀၀ ​ကျော်ကိုသတ်ဖြတ်ထားပါတယ် ။ အဲဒီထဲမှာ က​လေးငယ်​ပေါင်း ၁၀၈၇ ဦးပါဝင်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က အရပ်သားပြည်သူတွေ သတ်ဖြတ်ပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဇူလိုင်၁၇ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းဝင်လာချိန် တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ ရဲကွန်မန်ဒိုတွေကို စစ်တပ်က လုံခြုံရေးယူပြီး ဆွမ်းသွပ်တရားနာပြုလုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

Facebook