Connect with us

Hi, what are you looking for?

သတင်း

အင်း‌တော်ကြီးက တပ်စခန်းအချို့ကို KIA၊KPDF ပြန်သိမ်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ

(အင်း‌တော်ကြီးဒေသ တပ်စခန်းသိမ်းပိုက်မှုအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်တပ်က သေဆုံးရုပ်အလောင်းတွေ။ ဓာတ်ပုံ − Naw Tu Awng/FB)

ဇူလိုင်−၁၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်း‌တော်ကြီးဒေသအတွင်း ပြီးခဲ့တဲ့ဇွန်လကတိုက်ပွဲတွေမှာ လက်လွတ်ခဲ့ရတဲ့ စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းက ပြန်လည်သိမ်းယူလိုက်ပြီး ဇူလိုင် ၁၇ရက်ကဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်တပ်နဲ့ SNA အထိနာလို့ ဒဏ်ရတဲ့သူတွေကို မြစ်ကြီးနားဆေးရုံအထိ အရေးပေါ်ပို့ဆောင်ကုသနေရတယ်လို့ သတင်းရရှိပါတယ်။

အင်းတော်ကြီးဒေသ၊လုံးတုံရွာက စခန်းအပါအဝင် တပ်စခန်း၂ခုကို ပြီးခဲ့တဲ့ဇွန်လက တိုက်ပွဲမှာ KIAနဲ့ KPDF က ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ အဲဒီစခန်းတွေမှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က ဝင်ရောက်တပ်စွဲပြီး ဒေသခံတွေ အသုံးပြုနေတဲ့ စတားလင့် အင်တာနတ်စက်တွေကိုလည်း သိမ်းယူခဲ့သလို အမာခံစခန်းအနေနဲ့ပြင်ဆင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လဆန်းမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး ဒီကနေ့ ဇူလိုင် ၁၇ရက်မှာ အပြင်းထန်ဆုံးဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” လုံးတုံကို KIA က ပြန်သိမ်းသွားတာဟုတ်တယ်။ လေကြောင်းပါ လာကြဲတာ။ စစ်တပ်နဲ့ SNA တော်တော် ထိသွားလို့ မြစ်ကြီးနားဆေးရုံအထိ သယ်ရတယ်။ မနေ့ကတိုက်ပွဲပြင်းထန်ပြီး ဒီနေ့တော့ငြိမ်နေတယ်”လို့ အဆိုပါဒေသခံက ပြောပါတယ်။

အင်းတော်ကြီးဒေသမှာ နမ့်မွန်းဆေးရုံရှိပြီး စစ်တပ်က ထိခိုက်သေဆုံးမှုတွေများပြားတဲ့အတွက် မြေကြီးနားဆေးရုံအထိ ပို့ပြီးကုသနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ အင်းတော်ကြီးဒေသအပြင် ဖားကန့်မြို့နယ်နဲ့ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာလည်း စစ်တပ်၊SNA ပူးပေါင်းတပ်တွေနဲ့ KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေတယ်လို့ သတင်းရရှိပါတယ်။

ဟုမ္မလင်းမြို့နယ် ရေပေါ်မီးရွာအနီးက ရှမ်းနီတပ်(SNA)တပ်စွဲထားတဲ့ စခန်းတွေပတ်ဝန်းကျင်မှာ ဇူလိုင်လဆန်းကဖြစ်တဲ့ တိုက်ပွဲအတွင်း စစ်တပ်က SNA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို လေကြောင်းကနေ မှားယွင်းပြီးဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေများပြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်ဆက်စပ်ဒေသတွေဖြစ်တဲ့ ကသာ၊ ရွှေကူ၊ ငါးအိုးဒေသတွေမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့သိရပါတယ်။ လက်ရှိတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေ့ကူမှာလည်း စစ်တပ်စခန်းတွေ သိမ်းပိုက်နိုင်ဟု သတင်းရင်းမြစ်ပြော

သတင်း

ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ် ပြုလုပ်နေပြီး ဒေသအချို့မှာ စစ်ရေးတင်းမာနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူဒေသမှာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီးမိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာလည်း ၄ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို တော်လှန်ဖို့ ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လူငယ်တွေဟာ အခက်အခဲကြားက ပညာဆက်လက်သင်ယူပြီး အဝေးသင်တက္ကသိုလ် ဖြေဆိုရာ အောင်မြင်မှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆရာမ ဂျာထွယ်ပန်က ပြောကြားပါတယ်။

Facebook