စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းအားသွားလာခြင်းလုံးဝမပြုလုပ်ရန်အရေးပေါ်သတိပေးကြေညာချက်ထုတ်ပြန်သည်။
ယနေ့(ဒီဇင်ဘာလ ၂၁ ရက်) ယခု အချိန်မှ စ၍ မုံရွာ-မန္တလေး လမ်းပိုင်းပေါ်တွင်သွားလာလှုပ်ရှားခြင်း (လုံးဝ)လုံးဝမပြုလုပ်ကြပါရန် အထူးသတိပေးတားမြစ်ကြောင်း မြင်းမူအခြေစိုက် People Defence Force Myinmu_MMPDF မှ ယနေ့ ဒီဇင်ဘာလ ၂၁ရက် နံနက် ၁၀:၃၀နာရီ အချိန်တွင် အရေးပေါ်သတိပေးထုတ်ပြန်ထားသည်။

ပြည်သူများ၏ လုံခြုံရေး ဘေးကင်းရေးအတွက် ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်လိုက်နာပေးကြပါရန် အထူးတောင်းဆိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်းမြင်းမူနယ် ထီးဆောင်း-အရာတော်လမ်းပိုင်းအား သွားလာလှုပ်ရှားခြင်းလုံးဝ မပြုလုပ်ကြပါရန် MMUPDF တားမြစ်ခဲ့သေးသည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေကြသည့် စစ်ကိုင်းတိုင်းတွင် မုံရွာ-မန္တလေးလမ်းပေါ်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏတိုက်ခိုက်ခံရလေ့ရှိသည်။
(ဒီဇင်ဘာလဆန်းပိုင်းက မုံရွာ-မန္တလေးလမ်းပေါ် ပစ်ခတ်မှုဖြစ်ပွားနေ၍ ယာဥ်များရပ်တန့်စောင့်ဆိုင်းနေကြစဥ်)


















































