Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်ကိုအရှုံးမပေးဘဲ တိုက်ပွဲဝင်နေသူတွေအားလုံးဟာ သက်ရှိအာဇာနည်တွေလို့ NUG ယာယီသမ္မတ ပြော

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို

ဇူလိုင်-၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မတရားဖမ်းဆီးခံထားရတဲ့ ၊ စစ်အာဏာရှင်ကို အရှုံးမပေးဘဲ တိုက်ပွဲဝင်နေသူအားလုံးဟာ သက်ရှိအာဇာနည်တွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

ဒီကနေ့ မနက်မှာ ကျင်းပတဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းမှာ ယာယီသမ္မတက အခုလို ပြောကြားတာပါ။

အာဇာနည်နေ့ဟာ ၁၉၄၇ ဇူလိုင် ၁၉ရက်က ရန်ကုန်မြို့ ဝန်ကြီးများရုံးမှာ လုပ်ကြံခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းပြည်ခေါင်းဆောင်ကြီးတွေကို အကြောင်းပြု ပေါ်ပေါက်လာတာ ဖြစ်ကြောင်း ယာယီသမ္မတကပြောပါတယ်။ကိုလိုနီလွတ်

Public Service Announcement

Public Service Announcement

မြောက်ရေးကြိုးပမ်းမှုကာလ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုအမှတ် သင်္ကေတပြုပြီး ခေတ်အဆက်ဆက် တိုင်းပြည်နဲ့ လူထုအပေါ် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ သူရဲကောင်းတွေ၊ စစ်အာဏာရှင်လက်

အောက် လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားလူမျိုးများရဲ့ ရပိုင်ခွင့်အတွက် သက်စွန့်တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေကိုလည်း ဦးညွှတ်ဂုဏ်ပြုရမယ်လို့လည်းပြောပါတယ်။

ကျဆုံးကွယ်လွန်သွားမှသာ အာဇာနည်လို့ သတ်မှတ်ကြပေမဲ့ အာဇာနည်စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို သက်ရှိထင်ရှားရှိချိန်မှာလည်း အသိအမှတ်ပြု ဂုဏ်ပြု ဦးညွှတ်ဖို့ အရေးကြီးတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ ဒါ့အပြင်ဗမာပြည်မှာတင်မက နိုင်ငံရေး အထင်ကရ ခေါင်းဆောင်မှုမှာ ပါဝင်သူတွေသာမက သမိုင်းစာမျက်နှာ တိမ်မြှုပ်အောင်ဖုံးကွယ်ထားခြင်းခံထားရတဲ့ လူမျိုးစုတိုင်းရင်းသား အာဇာနည်ခေါင်းဆောင် အများအပြားလည်း ရှိခဲ့ရာ ဒါကို ပြန်လည်သတိပြု ဆင်ခြင်မိဖို့ လိုတယ်လို့ ဆိုပါတယ်။

“အာဇာနည်ဆိုတာ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို မိမိရဲ့ အသက်နဲ့ ခန္ဓာကိုယ်ထက် ပိုမိုချစ်မြတ်နိုးကြတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

မိမိကိုယ်ကျိုးဆိုတာ စိတ်ကူးနဲ့မျှ မစဉ်းစားဘဲ အချိန်ရှိသရွေ့ အများအကျိုး လူထုအကျိုး အစဉ်တစိုက်လုပ်ဆောင်နေသူတွေ ဒီလို စိတ်ဓာတ်မျိုးရှိသူတွေအားလုံးဟာ အာဇာနည်ခံထိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ ပြောကြားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီအချက်တွေနဲ့ပြည့်စုံကြောင်း၊ ခေါင်းဆောင် အရည်အချင်းနဲ့ ပီသပြီး ခေါင်းဆောင်ပီပီ အမှန်တရားဘက် ရဲရဲတင်းတင်းရပ်တည်ပေးခဲ့ကြောင်း၊ ဒါ့အပြင် ဘာဖြစ်လာမယ်ဆိုတာ ကြိုမြင်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းမှာ အနာဂတ်နိုင်ငံ ဘယ်လိုတည်ဆောက်မယ်ဆိုတာ ပြောကြားခဲ့ကြောင်း၊ ရုန်းကန်ကြိုးစားမှုရှိဖို့ ညီညွတ်မှုရှိဖို့ မှာကြားခဲ့ကြောင်း ယာယီသမ္မတက ပြောပါတယ်။ လူထုအချင်းချင်း စည်းလုံးညီညွတ်ဖို့ တိုင်းရင်းသားတွေစည်းလုံးညီညွတ်ဖို့ ဆိုတာတွေကို ဗိုလ်ချုပ်အောင်ဆန်းက မီးမောင်းထိုး ပြခဲ့တဲ့ အချက်တွေဖြစ်တယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေကို လေးစားတယ်ဆိုရင် သူတို့ ပြောထားတဲ့ အလုပ်တွေ ကျန်ခဲ့တဲ့ အလုပ်တွေဆက်လုပ်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတက ပြောကြားပါတယ်။

အချင်းချင်းညီညွတ်ဖို့၊ တော်လှန်ရေးသားအချင်းချင်း ညီညွတ်ဖို့၊ လက်နက်ကိုင်အချင်းချင်းညီညွတ်ဖို့ တိုင်းရင်သားတွေအားလုံးညီညွတ်ဖို့ လိုပြီး ဒါမှသာ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ရာ လေးစားရာ ရောက်တယ်လို့ အသိပေးပါတယ်။

ဒုက္ခမျိုးစုံ ရင်ဆိုင်ပြီး အာဏာရှင်ကို အရှုံးမပေးဘဲ တိုက်ပွဲဝင်နေကြတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးဟာ သက်ရှိထင်ရှားနေဆဲ တကယ့်အာဇာနည်တွေဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောပါတယ်။

“မိမိတို့ရဲ့ အသက်သွေးချွေးနဲ့ ဘ၀များ ရင်းနှီးပြီး စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် ရှေ့တန်းစစ်မျက်နှာ အသီးသီးမှာ မိမိတို့ရဲ့ ရှေ့တန်းတံတိုင်းအဖြစ် ရဲရဲဝံ့ဝံ့ သက်စွန့်ဆံဖျားတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုများနဲ့ PDF ကာကွယ်ရေးရဲဘော် အားလုံးကိုလည်း လေးနက်စွာ ဦးညွှတ်ဂုဏ်ပြုရမယ့် ရှင်သန်ဆဲ ပြည်သူ့ အာဇာနည်များသာဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့လိုအပ်ပြီး ဒီလို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ မိန့်မှာချက်တွေကို တသွေမတိမ်းလိုက်နာဖို့ အင်မတန်အရေးကြီးတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူ့ရဲ့မိသားစုကိုလည်း ကာကွယ်ကြရမယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။

“ဥပမာ ဒေါ်အောင်ဆန်းစုကြည် အချုပ်ထဲမှာ စစ်ကောင်စီရဲ့ ရက်စက်မှုကြောင့်မတရားသဖြင့် ထောင်ချခံထားရတာ လွတ်မြောက်အောင် ကျနော်တို့ဟာ ဆက်ပြီးတော့ ရုန်းကန်ဖို့ ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံရဲ့ အကျိုးကို ကြည့်တဲ့ သူ့သား ကင်အဲရစ်ကိုလည်း ကျနော်တို့က ကာကွယ်ရမယ် သူ့ကို ၀ိုင်းဝန်းရမယ်” လို့ ယာယီသမ္မတက ပြောကြားပါတယ်။

စစ်အာဏာရှင် အမြစ်တွယ်နေသရွေ့ တိုင်းပြည်နဲ့ လူထုဟာ ဖိနှိပ်ခံခြင်း ဘေးဒုက္ခကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူလို့လည်း သတိပေးပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် ယန္တရားဖြိုချရေးကို တို့ကနန်းဆိတ်ကနန်း ပျော့ပျော့ လုပ်လို့မရဘူးလို့ ယာယီသမ္မတက ပြောကြားပါတယ်။ အာဇာနည်တွေရဲ့ ပေးဆပ်မှုတွေ အလဟသ မဖြစ်ရအောင် အစွမ်းကုန်ကြိုးစားကြဖို့ တိုက်တွန်းထားပါတယ်။

“နွေဦးတော်လှန်ရေးဟာ သွေးကြောင်တဲ့ လူများအတွက် လျှောက်လမ်းတဲ့ လမ်းမဟုတ်သလို စွန့်လွှတ် အနစ်နာခံရန် တွန့်ဆုတ်နေသူများအတွက် သမိုင်းကဗ္ဗည်း ထိုးခွင့်ရှိလိမ့်မယ် မဟုတ်ပါ။ ဒါကြာင့် ကျနော်တို့အနေနဲ့ နွေဦးတော်လှန်ရေးရဲ့ အဓိက လုပ်ငန်းစဉ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးအတွက် အသက်နဲ့ ဘ၀ကို ပုံအပ်ပြီး တာဝန်ယူလျှောက်လှမ်းနေတဲ့ အာဇာနည်စိတ်ဓာတ်နဲ့ အဆုံးသတ်တိုက်ပွဲ အောင်မြင်သည်အထိ လက်တွေ့ကျကျ ဆက်လက်တိုက်ပွဲဝင်ကြပါလို့ ကျနော့်အနေနဲ့ တိုက်ပွဲ ဝင်ကြပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်”လို့ ယာယီသမ္မတက အာဇာနည်နေ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သမိုင်းတရားခံတွေနဲ့ ခေတ်သစ်အာဏာရှင်တွေကို ဥပဒေအကြောင်းအရ တရားစီရင်ဖို့ဟာ တော်လှန်ပြည်သူတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပြီး အဲဒီ သမိုင်းပေးတာဝန်ကို အရိုးကြေကြေ အရည်ခမ်းခမ်း၊ ဦးလည်မသုန် ထမ်းရွက်သွားမှာဖြစ်ကြောင်း သစ္စာဓိဌာန် ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သရော်စာ

ကလေးအစ၊ ခွေးအဆုံးကို အံ့ဩမင်သက်စေပြီး သာမာန်လူတွေပင် လက်မခံနိုင်သော တရားလွန်လုပ်ရပ်များကို လူတစ်ယောက်က နိုင်ငံအနှံ့လိုက်လုပ်နေသည်။လူတွေကို နေ့စဉ် သတ်ဖြတ်နေသည်။ အနီရောင်ပန်းပင်တွေကို လိုက်ခုတ်ပြီး ရုပ်တုတွေကို လိုက်ဖြိုနေသည်။ ထိုသူကို အချိန်မီဆေးတိုက်ရန်လိုအပ်နေပြီ။