Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် မှာမိုးကြီးပြီး ရေဘေးထပ်ကြုံ၊ မြေပြိုမည်ကိုဒေသခံများစိုးရိမ်နေ

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။

ဇူလိုင်-၁၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။

ယခုရက်ပိုင်း နေ့စဉ်မိုးရွာသွန်းပြီး ရေတက်လာလိုက်၊ပြန်ကျလိုက်အခြေအနေကနေ ယ‌နေ့ (ဇူလိုင်လ၁၉) မနက်မှာတော့ ရေပို

တက်လာပြီး လမ်းနဲ့ နေအိမ်အောက်ထပ်တွေနည်းမြှုပ်နေပြီလို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“လုံးခင်းမှာပိုဆိုးတယ်။ မှော်ဝမ်းလည်း တောင်ကျရေကြောင့် အပျက်အစီးတွေများတယ်။ ဖားကန့်ကျောက်ဝိုင်းလမ်းလည်း ရေကျော်သွားလို့သွားလို့မရတော့ဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မိုးက ဆက်ရွာနေပြီး အိမ်အောက်ထပ်တွေနေမြုပ်လို့ နေလို့မရတော့တဲ့သူတွေကို ဘေးလွတ်ရာကိုပို့ဆောင်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ဇွန်လလယ်ကနေစပြီး ရေကြီးနစ်မြုပ်မှုရင်ဆိုင်ခဲ့ရတာပါ။ရေကြီးပြီးတဲ့နောက်ပိုင်း မြေပြိုမှုတွေမကြာခဏဖြစ်ပွားနေပါတယ်။ ယနေ့လည်း နေရာသုံးခုထက်မနည်းမှာ မြေပြိုနေလို့ အိမ်တချို့ပျက်စီးခဲ့ပါတယ်။

ဖားကန့်ရေဘေးနဲ့ မြေပြိုတဲ့ဘေးမှာလူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ဇွန်လ၁၆ရက်နေ့နဲ့ ဇွန်လ၂၁ရက်နေ့မှာ တောင်ကျ ရေနဲ့ မြေပြိုလို့ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ ဇွန်လ ၂၇ရက်နေ့ညကနမ့်မှော်ရွာမှာမိုးကြီးပြီး ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေဖြစ်ခဲ့ပါတယ်။

ကမ်းပါးပြိုလို့လူဆယ်ဦးထက်မနည်းပျောက်ဆုံးခဲ့ပြီး ၇ဦးရဲ့ရုပ်အလောင်းကိုပဲပြန်လည်ရှာတွေ့ခဲ့ပါတယ်။ဇူလိုင်လ ၃ရက်နေ့ကလည်း နမ့်မှော်ရွာမှာ မြေစာပုံထပ်ပြိုလို့ ၇ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ ဒါ့အပြင်ဇူလိုင်လ၁၈ရက်နေ့ကလည်း မြေစာပုံထပ်ပြိုလို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်းဆက်ဖြစ်နေပြီးဒေသအများစု မိုးဆက်ရွာနိုင်သလို ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဖားကန့်၊ ဗန်းမော်၊ ချီဖွေ၊ တနိုင်း မြို့နယ်တွေမှာ မိုးသည်းထန်ခြင်း၊ နေရာကွက် မိုးကြီးခြင်းနဲ့မိုးကြိုးမုန်တိုင်း ကျရောက်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လိုအမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဇူလိုင်လ၁၇ရက်မှာထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။