Connect with us

Hi, what are you looking for?

သတင်း

လေး​ကေ့​ကော်မြို့သစ်၊ရဲကုန်းအနီးတိုက်ပွဲပြင်းထန်၊ စစ်တပ်စစ်​ကြောင်း​တွေအကြိမ်ကြိမ်လန်ကျ

ကရင်ပြည်နယ်၊လေးကေ့ကော်မြို့သစ် အနောက်ဘက်ရှိ ရဲကုန်းအနီးမှာ ဒီကနေ့ (ဇူလိုင် ၂၁ရက်)ကတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ကသေဆုံး ဒဏ်ရာရသူ​တွေများပြီးစစ်​ကြောင်းအကြိမ်ကြိမ် လန်ကျ​နေတယ်လို့လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင်-၂၁၊၂၀၂၆။ကိုဒီး/People’s Spring

ကရင်ပြည်နယ်၊လေးကေ့ကော်မြို့သစ် အနောက်ဘက်ရှိ ရဲကုန်းအနီးမှာ ဒီကနေ့ (ဇူလိုင် ၂၁ရက်)ကတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ကသေဆုံး ဒဏ်ရာရသူ​တွေများပြီးစစ်​ကြောင်းအကြိမ်ကြိမ် လန်ကျ​နေတယ်လို့လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လေးကေ့ကော်မြို့သစ် အနောက်ဘက်က နေရာသုံးနေရာထက်မနည်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဒီနေ့ ထိတာပေါ့ စစ်တပ်။ သုံးလေးငါး နေရာလောက်ပဲ။ ထိလိုက် ၊လန်လိုက်ပဲ။ သူတို့က အင်အားကိုသုံးပြီး တက်လာတာကိုး။ အင်အားများတိုင်းလည်း စိတ်ဓာတ်နဲ့ အရည်အချင်းက လိုသေးတာကိုး”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးသတင်းရင်းမြစ်က ပေးပို့တဲ့ ဓာတ်ပုံတွေအရ ဒီကနေ့ တိုက်ပွဲအတွင်းမှာ စစ်တပ်က သေဆုံးနေတဲ့ ရုပ်အလောင်း အချို့ပုံ​တွေကို တွေ့ရပါတယ်။

လက်ရှိမှာ စစ်တပ်က မြဝတီမြို့တောင်ဘက်က တိုက်ပွဲတွေအတွင်း တပ်အပြောင်းအလဲတွေ လုပ်နေတယ်လို့လည်း ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇူလိုင်တတိယပါတ်မှာတပ်အ​ပြောင်းအလဲလုပ်တဲ့စစ်​ကြောင်း ကား​မှောက်တဲ့အ​တွက် ​စစ်သား​တွေသေဆုံးဒဏ်ရာရသူ​တွေလည်းရှိခဲ့ပါတယ်။ဒါ​ကြောင့် ​ရှေ့တန်း​စစ်တိုက်ဖို့ရောက်လာတဲ့စစ်သား​တွေက ဒဏ်ရာ​တွေ နဲ့ဖြစ်​နေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

မြဝတီမြို့တောင်ဘက်ကိုစစ်တပ်က တပ်မ ၂ မ ၊ဗျူဟာ ၆ ဗျူဟာသုံးပြီးစစ်ကြောင်းထိုးနေတာ​ကြောင့် နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ဇူလိုင် ၁၈ရက်မှာ လူထုနွေဦးကို ပြောပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းကို အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) တပ်မနဲ့ တပ်မ(၂၂) ကို ထုတ်သုံးပြီး စစ်ကြောင်းထိုးနေတာလို့ ဗိုလ်မှူးဒါဘောက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ကရင်နယ်ခြားစောင့်တပ်(BGF)က ဗိုလ်မုတ်သုန်ခွဲထွက်အဖွဲ့နဲ့ ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)က ဗိုလ်ဘိခွဲထွက်အဖွဲ့ ကိုလည်း စစ်ကူအဖြစ် ခေါ်တိုက်နေတာလို့ ဗိုလ်မှူးဒါဘောက ပြောပါတယ်။

တပ်မ(၂၂)က ဖလူးနဲ့ မင်းလက်ပံဒေသကို စစ်ကြောင်းထိုးနေပြီး စကခ(၁၃)က ကျွန်းခုနစ်ပင်နဲ့ သဲဖြူချောင်းဘက်ကို ထိုးနေတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ရက်နေ့လည်ပိုင်းကလည်း ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးလိုက်တဲ့ လေးကေ့ကော်မြို့သစ်အနောက်ဘက်နားကရဲကုန်းနေရာကို စစ်တပ်စစ်​​ကြောင်းဝင်ရောက်လာချိန်မှာတော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)လက်အောက်ခံ စစ်​ကြောင်းတစ်​ကြောင်းလုံး သေဆုံးခဲ့ပါတယ်။

စကခ (၁၃)လက်​အောက်ခံ ခမရ(၅၅၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ဦးစီးတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကိုအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့​ပြီးစစ်သုံ့ပန်း ၄ ဦးကိုလည်းဖမ်းမိကာ လက်နက်ခဲယမ်း​တွေလည်းသိမ်းဆည်းရရှိပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့ တော်လှန်ရေးပူး​ပေါင်းတပ်​တွေ ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေချိန်မှာပဲ အာဏာသိမ်းစစ်တပ်က တောင်ပြုံးပွဲတော်ကို ကျင်းပဖို့ စီစဉ်နေပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

Facebook