Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ရဲစခန်း ဂိတ်ကင်းကို YA အဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့၊အင်းစိန်မြို့မ ရဲစခန်းဂိတ်ကင်းမှာ ရဲတပ်ဖွဲ့ဝင်တွေရှိ‌နေချိန် ပြင်းအားမြင့် လက်ပစ်ဗုံး ၂လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဇူလိုင်-၂၁၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်မြို့၊အင်းစိန်မြို့မ ရဲစခန်းဂိတ်ကင်းမှာ ရဲတပ်ဖွဲ့ဝင်တွေရှိ‌နေချိန် ပြင်းအားမြင့် လက်ပစ်ဗုံး ၂လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒီနေ့(ဇူလိုင်၂၁) ည ၇ နာရီကျော်မှာ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး မိုးရွာနေပေမယ့် မစ်ရှင်ကိုအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲဘော်၁ယောက်နှစ်လပိုင်းမှာအဖမ်းခံရပြီးစစ်ကြောရေးမှာကျသွားထဲကရှိတဲ့ သူတွေလဲအကုန်ရှောင်တိမ်းနေရတာ။ကြားမှာ တခါလားဘဲမစ်ရှင်လုပ်ဖြစ်တော့တယ်” လို့ YA ရဲ့ တာဝန်ရှိသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်မှာတော့ အဖွဲ့သားတွေပြန်စုစည်းပြီး မစ်ရှင်တွေ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ရပ်နေလို့မှမရတာ၊ကျန်တဲ့သူတွေဆက်ပြီးနိုင်တဲ့ဝန်ထမ်းဖို့အားလုံး Ygnကိုပြန်ဝင်နေပါပြီ။နောက်လလောက်ဆိုပုံမှန်ပြန်ဆော်နိုင်ပါပြီဗျာ”လို့ စစ်ဆင်ရေးတွေဖော်ဆောင်မယ့်အကြောင်းနဲ့ ပတ်သက်ပြီးပြောပါတယ်။

ရန်ကုန်မြို့မှာ အခုနောက်ပိုင်း မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ တိုက်ခိုက်မှု နည်းပါးသွားပြီး YA အဖွဲ့က အခု မြို့ပြပြောက်ကျားတိုက်ခိုက်မှု ပြန်လုပ်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့မရဲစခန်းက ဂိတ်ကင်းမှာ အရက်မူးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြင်းအားမြင့်မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ လှည်းကူးမြို့က စစ်ကောင်စီရဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက်လုပ်ဆောင်နေသလို စစ်မှုထမ်းအတွက်လူငယ်များ ပေါ်တာဆွဲရောင်းစားနေသည့် ရန်ကုန်မြို့ လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့တာဝန်ရှိသူက ပြောသည်။

Facebook