Connect with us

Hi, what are you looking for?

သတင်း

လှည်းကူးမြို့နယ်က ဒရယ်ဘိုအုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်မှု နှစ်ဦးသေဟုဆို

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ-၁၉၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“အုပ်ချုပ်ရေးပိုင်းက တစ်ယောက် ။ နောက်တစ်ကောင်က ပျူတစ်ကောင် ။လွင့်ထွက်သွားတဲ့ နှစ်ကောင်စလုံးသေပါတယ်။ မြေပြင်သတင်းအတိအကျရတာပါ” လို့ ပြောပါတယ်။

ဒီစစ်ဆင်ရေးကို အောက်တိုဘာ ၁၇ရက် ည ၇နာရီလောက်မှာ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပြင်းအားမြင့် မိုင်းတစ်လုံး ၊ လက်ပစ်ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲချိန်မှာ နှစ်ယောက်လွင့်ထွက်သွားတာကိုမြင်ခဲ့ရတယ်လို့ Yangon Armyက ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီဘက်ကထိခိုက်မှုနဲ့ ပတ်သက်ပြီး လူ‌ထုနွေဦးအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

မြေပြင်သတင်းတွေဖော်ပြပေးနေတဲ့ Hlaing Info ရဲ့ တယ်လီဂရန်ချန်နယ်မှာတော့ အောက်တိုဘာ ၁၇ရက်ညက လှည်းကူးမြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ကြောင်း ဒေသခံရဲ့ သတင်းပေးပို့‌ချက်ကိုဖော်ပြထားတာတွေ့ရပါတယ်။

စစ်ဆင်ရေးကို အနောက်ပိုင်းခရိုင် ပကဖ ကလည်းထုတ်ပြန်ထားပြီး ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ပစ်မှတ်အားလုံးကို တိုက်ခိုက်သွားမယ်လို့ ဖော်ပြထားပါတယ်။

Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့က အောက်တိုဘာ ၁၅ ရက်ကလည်း မင်္ဂလာဒုံမြို့နယ် ကြံ့ဖွံ့ရုံးကို ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဩဂုတ် နဲ့စက်တင်ဘာ နှစ်လအတွင်း မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကူညီလုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှုးရုံးတွေ အပါအဝင် စစ်ရေးပစ်မှတ် ၁၃ ခုကို မြို့ပြအဖွဲ့တွေက တိုက်ခိုက်မှုတွေပြုလုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့မရဲစခန်းက ဂိတ်ကင်းမှာ အရက်မူးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြင်းအားမြင့်မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒီကနေ့ (ဖေဖော်ဝါရီ ၃) နံနက်က စက်ရုံဖယ်ရီကားနဲ့ ပဲခူး-ရန်ကုန်ပြေးဆွဲတဲ့ မီနီဘတ်စ် တိုက်မိရာ လူလေးဦး သေဆုံးပြီး ၃၀နီးပါး ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ လှည်းကူးမြို့က စစ်ကောင်စီရဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။