Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဘနွန်တောင်ပိုင်း ကျေးရွာတစ်ခုကနေ အစ္စရေးစစ်တပ် ဆုတ်ခွာပေးပြီး လက်ဘနွန်စစ်တပ် ပြန်ထိန်းချုပ်

အစ္စရေးတပ်တွေ ဆုတ်ခွာသွားတဲ့ ဇုန်နယ်မြေ တစ်ခုမှာ လက်ဘနွန် စစ်တပ်က ဝင်ရောက် ထိန်းချုပ် နေရာယူလိုက်ကြောင်း လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အစ္စရေးတပ်တွေ ဆုတ်ခွာသွားတဲ့ ဇုန်နယ်မြေ တစ်ခုမှာ လက်ဘနွန် စစ်တပ်က ဝင်ရောက် ထိန်းချုပ် နေရာယူလိုက်ကြောင်း လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အစ္စရေးနဲ့ လက်ဘနွန် အစိုးရတွေကြားမှာ အမေရိကန်က ကြားဝင် စေ့စပ်ပေးထားတဲ့ ညှိနှိုင်း သဘောတူညီချက်အရ အစ္စရေးဟာ လက်ဘနွန် တောင်ပိုင်း၊ နာဘာတီယာ ခရိုင်ရဲ့ ဇောင်ထာ အယ်လ် ဂါဘီယာ ကျေးရွာနားမှာ ဖြန့်ကျက်ထားတဲ့ စစ်အင်ဂျင်နီယာ ယူနစ်တစ်ခုကို ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းမှာ ရုပ်သိမ်းသွားခဲ့ပါတယ်။

အစ္စရေး စစ်တပ်ဟာ နိုင်ငံရဲ့ မြောက်ပိုင်းဧရိယာတွေကို ဒုံးကျည်တွေနဲ့ မကြာခဏ ပစ်ခတ်နေတဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို ရှင်းလင်းဖို့အတွက် လက်ဘနွန် နိုင်ငံ တောင်ပိုင်းထိ ဝင်ရောက် နေရာယူထားတာပါ။ အစ္စရေးနဲ့ လက်ဘနွန် အစိုးရတွေ ကြားမှာတော့ တိုက်ရိုက် စစ်ပွဲ ဖြစ်ပွားနေတာမျိုး မရှိပါဘူး။

အရင်က ဟစ်ဇ်ဘိုလာတွေ ဩဇာဖြန့်ကျက် လွှမ်းမိုးထားပြီး အခုအခါ အစ္စရေး စစ်တပ်က ထိန်းချုပ်ထားတဲ့ လက်ဘနွန်တောင်ပိုင်း နယ်မြေတွေကို လက်ဘနွန် စစ်တပ်ဆီ တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည် လွှဲပြောင်းပေးရေးကို အမေရိကန်က ကြားဝင် ညှိနှိုင်းပေးထားတာပါ။ အစ္စရေးကတော့ လက်ဘနွန် အစိုးရဟာ အစ္စရေးမြောက်ပိုင်း ဒေသတွေ လုံခြုံရေးကို အပြည့်အဝ တာဝန်မယူနိုင်မချင်း လက်ဘနွန်ကနေ တပ်တွေအားလုံး ဆုတ်ခွာပေးဖို့ အစီအစဉ် မရှိကြောင်း သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၁ ရက်နေ့ကတော့ ထိန်းချုပ်နယ်မြေတွေ ပြန်လည်လွှဲပြောင်းပေးရေးနဲ့ ပတ်သက်ပြီး ကနဦးအဆင့် စမ်းသပ်အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ တစ်နည်းအားဖြင့် အစ္စရေးတပ် ထိန်းချုပ်ထားတဲ့ ကျယ်ပြောတဲ့ နယ်မြေတွေထဲက သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုကနေသာ ကနဦးအဆင့် ဆုတ်ခွာပေးခဲ့တာပါ။

အစ္စရေးတပ်တွေ ရုပ်သိမ်းပြီး သိပ်မကြာခင်မှာပဲ အဲဒီကျေးရွာ တဝိုက်မှာ သေနတ်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။ အစ္စရေး စစ်တပ်ကတော့ လုံခြုံရေးဇုန်လို့ သတ်မှတ်ထားတဲ့ နေရာနားထိ လက်ဘနွန်တပ်တွေ ချဉ်းကပ်လာလို့ ခြောက်လှန့်ပြီး သေနတ်ပစ်ဖောက်ခဲ့တာလို့ ကြေညာပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ လက်ဘနွန် သမ္မတ ဂျိုးဆက်အွမ်းတို့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ် မတိုင်ခင်မှာ အခုလို အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာပါ။ ဇူလိုင် ၂၁ ရက်နေ့တုန်းက အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာတော့ အွမ်းက အစ္စရေး တပ်အားလုံး လက်ဘနွန် တောင်ပိုင်းကနေ ရုပ်သိမ်းရေး ကူညီ ဖိအားပေးဖို့ ထရမ့်ကို တောင်းဆိုခဲ့ပါတယ်။

တွေ့ဆုံမှုအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ထရမ့်က သူ့အစိုးရဟာ လက်ဘနွန်ကို ဆက်လက် ကူညီမယ်လို့ ပြောကြားခဲ့ပေမယ့် အစ္စရေးတပ်တွေ ရုပ်သိမ်းစေမယ့် အချိန်အတိအကျကိုတော့ ထုတ်မပြောခဲ့ပါဘူး။

ဇူလိုင် ၂၀ တုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဇောင်ထာ အယ်လ် ဂါဘီယာအပြင် တခြား လက်ဘနွန်တောင်ပိုင်း ကျေးရွာနှစ်ခုမှာလည်း အစ္စရေးတပ်တွေ စမ်းသပ်အဆင့် ဆုတ်ခွာမယ့် အစီအစဉ်တွေ အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း ပါရှိခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်၊ ဆီးရီးယား နိုင်ငံတွေရဲ့ ပိုင်နက်ထဲမှာနဲ့ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးတပ်တွေ ဆက်လက် ဖြန့်ကျက်ထားမယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ကို လက်နက်ဖြုတ်ယူ သိမ်းဆည်းပြီးတာ သေချာမှ လက်ဘနွန် တောင်ပိုင်းကို ရောက်နေတဲ့ တပ်တွေ ပြန်ရုပ်သိမ်းမယ်လို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။

Facebook