Connect with us

Hi, what are you looking for?

သတင်း

နည်းပညာမြင့်ဒရုန်း​တွေ တရားမဝင် ​ရောင်းဝယ်တယ်ဆိုပြီး မြန်မာတဦး မဲဆောက်မှာ အဖမ်းခံရ

မြန်မာနိုင်ငံသားအမျိုးသားတဦးကိုဒရုန်းမှောင်ခိုမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

(ထိုင်းရဲတပ်ဖွဲ့နဲ့ သိမ်းဆည်းခဲ့တဲ့ ဒရုန်းနဲ့ဆက်စပ်ပစ္စည်း​တွေ ။ဓါတ်ပုံ-AEC )

ဇူလိုင်-၂၂၊၂၀၂၆။People’s Spring

မြန်မာနိုင်ငံသားအမျိုးသားတဦးကိုဒရုန်းမှောင်ခိုမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

အသက်၂၈နှစ်အရွယ်အမျိုးသားဟာမဲဆောက်ကနေ မြန်မာဖက်ခြမ်းကို နည်းပညာမြင့် first-person view (FPV) ဒရုန်းတွေ မှောင်ခိုသယ်ယူခဲ့တယ်လို့ ယုံကြည်ရကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ ဒီကိစ္စဟာ ထိုင်းရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍကိုပါ ခြိမ်းခြောက်နိုင်တယ်လို့ ထိုင်းရဲတွေက ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကကိုမင်းလို့သာနာမည်တစ်ဝက်တစ်ပျက် ဖော်ပြထားတဲ့ အမျိုးသားကို တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ထဲက အာရှ အဝေးပြေးလမ်းဘေး စားသောက်ဆိုင် တစ်ခုမှာ ဖမ်းမိခဲ့တာပါ။

Public Service Announcement

Public Service Announcement

သူဟာအခွန်ဆောင်မထားတဲ့၊စည်းမျဉ်း ကန့်သတ်မှုတွေ ရှိနေတဲ့ကုန်စည်တွေကို ပိုင်ဆိုင်တာ၊ သယ်ယူတာ၊ မှောင်ခိုရောင်းချဖို့ ကြိုးစားတာစတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

မဲဆောက်ကနေ FPV ဒရုန်းတွေကို မြန်မာနိုင်ငံဆီ ပို့ဆောင်မယ့်အကြောင်း သတင်းပေး တိုင်တောမှု တစ်ခုကို လက်ခံရရှိခဲ့တဲ့နောက် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုကို ထိုင်းအာဏာပိုင်တွေက ရှာဖွေခဲ့တယ်လို့ သိရပါတယ်။အဲဒီအခါမှာချင်းမိုင်ကနေပို့ပေးလိုက်တဲ့ သံသယဖြစ်စရာ သေတ္တာနှစ်လုံးကို ရှာတွေ့ခဲ့ပြီးလက်ခံမယ့်သူဟာကိုမင်းဖြစ်တယ်ဆိုတာကို ခြေရာခံ သိရှိခဲ့တယ်လို့ဆိုပါတယ်။

ရဲတွေက ချက်ချင်းအသုံးပြုနိုင်အောင် တပ်ဆင်ပြီးသား ဒရုန်း ၄ စီး၊ ဒရုန်းကိုယ်ထည် ၇ ခု၊ မော်တာတွေ၊ ကင်မရာတွေ၊ ထိန်းချုပ်ခလုတ်တွေ အပါအဝင် ဒရုန်းနဲ့ ဆက်စပ်ပစ္စည်း ၁၆ ခုတို့ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဒရုန်းတွေဟာ သမားရိုးကျ စီးပွားရေး လုပ်ငန်းသုံး ဒရုန်းတွေထက် နည်းပညာ ပိုမြင့်ကြောင်း ရဲတွေက ဆိုပါတယ်။ အဲဒီဒရုန်းတွေဟာ မြန်နှုန်းမြင့် ပျံသန်းနိုင်တာ၊ ခက်ခဲတဲ့ နယ်မြေတွေမှာ ပျံသန်းနိုင်တာ၊ လိုင်းဖမ်းယူမှု အားကောင်းတာစတဲ့ အဆင့်မြင့် နည်းပညာ ပေါင်းစပ်မှုတွေ ရှိနေပါတယ်။

အာဏာပိုင်တွေကနောက်ပိုင်းမှာတော့ကိုမင်းရဲ့အခန်းကိုပါရှာဖွေခဲ့ပြီးအလားတူဒရုန်းဆက်စပ်ပစ္စည်းတွေထည့်ထားတဲ့သေတ္တာတစ်လုံးကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ အဲဒီပစ္စည်းတွေ ဝယ်ယူမှုအတွက် အကောက်ခွန် ပြေစာဖြတ်ပိုင်းတွေနဲ့ တခြား အထောက်အထားတွေကို သံသယရှိသူက မပြသနိုင်ဘူးလို့ ရဲတွေက ပြောပါတယ်။ အခု ဖမ်းဆီးရမိမှုဟာ နယ်စပ်ဒေသမှာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု တစ်ခုခုကို ကြိုတင် တားဆီးနိုင်မှုအဖြစ် ယုံကြည်ကြောင်းလည်း ထိုင်းရဲတွေက မှတ်ချက်ပေးခဲ့ပါတယ်။

ကိုမင်းကို မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဥပဒေကြောင်းအရ တရားစွဲဆိုမယ့် ကိစ္စတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ ကိုမင်းကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီးသူဟာသေတ္တာတွေကိုလက်လွှဲယူပေးရုံသာတာဝန်ယူပြီးအထဲမှာဘာပစ္စည်းတွေ ပါသလဲဆိုတာကို မသိဘူးလို့ ရဲတွေဆီ ထွက်ဆိုထားပါတယ်။

ကိုးကား-AEC อาเซียน News

ဆက်စပ်သတင်းများ

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

သုံးသပ်ဆောင်းပါး

(အမေရိကန်အခြေစိုက် The Diplomat ၏ သုံးသပ်ချက်)

နိုင်ငံတကာ

အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေး ဗျူရို (FBI) နဲ့ ထိုင်းအစိုးရတို့က ကျားဖြန့် အပါအဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ သဘောတူညီမှုရရှိခဲ့​ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကြောင့် အာရှ-ပစိဖိတ် ဒေသမှာ ပြီးခဲ့တဲ့နှစ်က ဆုံးရှုံးမှုတန်ဖိုး အနည်းဆုံး ဒေါ်လာ ၈၈ ဘီလီယံ ရှိခဲ့ကြောင်း ကုလသမဂ္ဂ (UN)က ခန့်မှန်းခဲ့ပါတယ်။

Facebook