Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်မှာ လူငယ်တွေ့ဆုံပွဲ ကျင်းပ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက ဦးစီးပြီး လူငယ်တွေ့ဆုံပွဲ ဇူလိုင် ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ဇူလိုင်-၂၂၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက ဦးစီးပြီး လူငယ်တွေ့ဆုံပွဲ ဇူလိုင် ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

အဲဒီ့တွေ့ဆုံပွဲကို အဓိက မျှော်မှန်းချက် (၃) ခုနဲ့ ကျင်းပခဲ့တာဖြစ်ပြီး ဝက်လက်မြို့နယ်အတွင်း ရှေ့ဆက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်ပေါ်ထွက်လာရေး၊ လူငယ်တွေ တော်လှန်ရေးမှာ ပိုမိုပါဝင်နိုင်ဖို့၊ ဦးဆောင်နိုင်မယ့် အခန်းကဏ္ဍတွေ ပေါ်ထွက်လာရေးနဲ့ လူငယ်တွေအကြား အချိတ်အဆက် ပိုမိုကောင်းမွန်လာစေရေးတို့ ဖြစ်ကြောင်း ဝက်လက်သပိတ်က ဆိုပါတယ်။

တွေ့ဆုံပွဲကို ဝက်လက်မြို့နယ်အတွင်းရှိ တိုက်နယ် (၃)တိုက်နယ်၊ ကျေးရွာပေါင်း (၃၂) ရွာမှ CDM တွေ၊ ကျောင်းတာဝန်ခံတွေ၊ နယ်ပယ်အသီးသီးမှ Volunteer တွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီပွဲမှာ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုလွင်မိုးသန့်က လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့ပြီး၊ တက်ရောက်လာသူတွေက အုပ်စုတွေဖွဲ့ကာ အကြမ်းဖက်စစ်အုပ်စုအပေါ် ထားရှိတဲ့ လူငယ်တွေရဲ့ အမြင်၊ တော်လှန်ရေးအပေါ် အမြင်နဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်ချက်တွေကို ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ခြမ်း ရွာနန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဘေးကြောင့် (၁၈)နှစ်အရွယ်လူငယ် ၁ဦး ရေမြော ပါသေဆုံးခဲ့ပြီး ကျေးရွာ ၁၅ရွာ ရေနစ်မြှုပ်နေတယ်လို့ ရွှေပန်းကုန်းတိုက်နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။

Facebook