Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးတင်းမာနေတဲ့ ကသာခရိုင်မှာ PDF တပ်ရင်းတွေ စစ်ရေးသတိပေးချက် ထုတ်ပြန်

တိုက်ပွဲ‌တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း ဗန်းမော် -မန္တလေး ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဒေသခံတွေ လုံခြုံရေးအတွက် လမ်းပိုင်းကန့်သတ်ချက်အပြင် စစ်တပ်နဲ့ မဆက်သွယ်ဖို့ အမြင့်ဆုံးသတိပေးချက်ကို ကသာခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

(ကသာခရိုင်၊အမှတ်(၃)တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ကလေးခရိုင်၊ အမှတ် - ၃ တပ်ရင်း)

ဇူလိုင် ၂၃၊ ၂၀၂၆။ဇော်ရမ်း/People’s Spring

တိုက်ပွဲ‌တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း ဗန်းမော် -မန္တလေး ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဒေသခံတွေ လုံခြုံရေးအတွက် လမ်းပိုင်းကန့်သတ်ချက်အပြင် စစ်တပ်နဲ့ မဆက်သွယ်ဖို့ အမြင့်ဆုံးသတိပေးချက်ကို ကသာခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စစ်တပ်စစ်ကြောင်းတွေရှိနေတဲ့ ဧရာဝတီမြစ်ရှေ့ခြမ်း မန္တလေး-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်း၊မောင်းကုန်းရွာမှခြောက်မျက်နှာကျေးရွာအထိ ပြည်ထောင်စုလမ်းမကြီးမှ ခွဲထွက်တဲ့ လမ်းသွယ်များအားလုံးအပါအဝင် ကသာခရိုင်အမှတ်(၃)တပ်ရင်းနယ်မြေအတွင်း လမ်းပိုင်းဧရိယာတွေမှာ ည၇နာရီကနေ မနက်၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ဇူလိုင် ၂၂ရက်မှာသတိပေးတာပါ။

အဲဒီလမ်းပိုင်းတွေမှာ စစ်တပ်က အရပ်သားကားတွေ ချောဆွဲခြင်း၊စုဆောင်းရေးလုပ်ခြင်း၊အရပ်သားကား တွေနံ့ ပုံမှားရိုက်ပြီး လူအင်အားနဲ့ စစ်လက်နက်ခဲယမ်း‌တွေ သယ်ယူပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်ကို လေးစားလိုက်နာကြဖို့နဲ့ မလိုက်နာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်းလည်း သတိပေးထားပါတယ်။

ကသာခရိုင်အမှတ်(၅)တပ်ရင်းကလည်း အထက်ပါအတိုင်း သတိပေးထားပြီး ယခုအခါ ကသာခရိုင်၊အမှတ်(၃)တပ်ရင်းကပါ ထပ်ဆင့်ထုတ်ပြန်တာဖြစ်ပါတယ်။

ဒါ့အပြင် ကသာခရိုင်အတွင်း ရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းတွေနဲ့ မပတ်သက်ဖို့၊ စစ်အုပ်စုနဲ့ပေါင်းပြီး စီးပွားရေးမလုပ်ကြဖို့၊ သတင်းပေးမလုပ်ဖို့လည်း ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။

စစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ စီးပွါးရေးလုပ်ကိုင်ခြင်း၊ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေရောင်းဝယ် ဖောက်ကားခြင်းနဲ့ လောင်းကစား၊မူးယစ်ဆေးဝါးရောင်းချခြင်းမပြုလုပ်ကြဖို့၊ စစ်တပ်ကို သတင်းပေးခြင်း၊ သတင်းယူခြင်း၊သူလျှို(ဒလန်)မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ တော်လှန်ရေးကို ပျက်စီးစေနိုင်တဲ့ စစ်တပ်နဲ့ ပူးပေါင်းမှုမျိုး၊ ပတ်သတ်ဆက်နွယ်မှုမျိုးလုံးဝ မပြုလုပ်ကြဖို့ ကသာခရိုင် အမှတ်(၃)တပ်ရင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင် မလိုက်နာဘူးဆိုရင် ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် အရေးယူမယ်လို့သတိပေးထားပါတယ်။

လက်တလောမှာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က အင်းတော်၊ မော်လူးမြို့တွေအပြင် ကသာ၊ ရွှေကူမြို့နယ်တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေပါတယ်။

တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီး ခရီးသည်နဲ့ကုန်တင်ကားတွေလည်း ပိတ်မိနေပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ကုန်သွယ်ရေးလမ်းတွေပေါ်မှာ ခရီးသည်နဲ့ ကုန်တင်ကားတွေ ပိတ်မိနေစဉ်မှာ စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ယခင်က ရှိခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။