Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်သူ ၆ ဦးဖမ်းမိဟုဆို

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

ဇူလိုင်၂၄၊၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

ဇူလိုင် ၂၀ ရက် ညနေ ၃နာရီခွဲမှာ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ် ၊၁၁၀လမ်း၊၆၂နဲ့၆၄လမ်းကြားက မီလျံနာ ရွှေဆိုင်ကို လူ ၆ဦးက သေနတ်တွေနဲ့ ဓားပြဝင်တိုက်ခဲ့ရာ ရွှေ ၁ပိသာခန့် ပါသွားတယ်လို့ သိရပါတယ်။

အဲဒီတရားခံတွေကို စစ်ကောင်စီက ဇူလိုင် ၂၂ရက်နဲ့၂၃ရက်တွေမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်မှုကျူးလွန်သူတွေထဲက ၄ဦးဟာ အရင်က ခိုးမှုနဲ့ ဓားပြမှု တွေမှာပါဝင်ဖူးခဲ့သူ တွေဖြစ်ပြီး ထောင် ၃ခါကျဖူးကာ စစ်တပ်က လွတ်ငြိမ်းနဲ့ပြန်လွှတ်သူတွေဖြစ်တယ်လို့ သိရပါတယ်။

” အမြန်လမ်းမှာ နှစ်ယောက်မိပြီး ဆက်တိုက်လိုက်တာ။ သေနတ်နဲ့တစ်ယောက်ကို နောက်ဆုံးမန္တလေးမြို့ပေါ်မှာဖမ်းမိတာ။ကျူးကျော်တွေကို ချပေးထားတဲ့တိုက်ခန်းမှာ နေတာတဲ့”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

တရားခံတွေကို တိုင်းရဲရုံးမှာချုပ်ထားပြီး ရွှေဆိုင်က ဓားပြတိုက်ခံရချိန်မှာ ရွှေ ၁ပိသာခန့်ပါသွားတယ်လို့ဆိုပေမယ့် စစ်ဆေးချိန်မှာ ၁၅ကျပ်သားခန့်သာ တွေ့သေးတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

တရားခံတွေကို ပဲခူးသွားတဲ့ အမြန်လမ်းမှာ ၂ဦး၊မန္တလေး -စစ်ကိုင်းလမ်းမှာ ၂ဦး၊မန္တလေးမြို့ကတည်းခိုခန်းမှာ ၁ဦးနဲ့ ကမ်းနားလမ်းကတိုက်ခန်းမှာ ၁ဦး ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ ဓားပြမှုနဲ့ လူသတ်လုယက်မှုတွေ အများအပြားဖြစ်နေပြီး အားလုံးနီးပါးက တရားခံကို ဖမ်းမမိပါဘူး။ မန္တလေးမြို့အပြင် ရန်ကုန်၊မုံရွာ နဲ့ စစ်တပ်မြို့တော် ပြင်ဦးလွင်မြို့မှာလည်း ဓားပြတိုက်မှု မကြားခဏ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။