Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း-ကချင်အစပ်ကို စစ်ကြောင်းထိုးခဲ့တဲ့ တပ်မ(၃၃)လက်အောက်ခံတပ်တွေနောက်တန်းပြန်ဝင်

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

စစ်ကိုင်းတိုင်းတိုက်ပွဲ​တွေမှာ တပ်မ ၃၃ ထံကသိမ်းဆည်းရရှိတဲ့ယူနီ​ဖောင်းအချို့

ဇူလိုင်-၂၅၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

ဇူလိုင်၂၂ ရက်မနက်ပိုင်းမှာမန္တလေး-မြစ်ကြီးနား လမ်းပိုင်းကို စစ်​ကြောင်းထိုးခဲ့တဲ့ တပ်မ (၃၃)ကစစ်တွေ ပြန်လည် တပ်ရင်းဝင်တာ ဖြစ်ပြီး စစ်ကား ၂၀ စီးယာဉ်တန်း နဲ့ ၆၀ စီးယာဉ်တန်း နှစ်တန်းထွက်လာတာလို့ စုံစမ်းသိရပါတယ်။

အဲဒီအထဲကအင်အား(၂၀၀)ဝန်းကျင်ဟာ စဉ့်ကူးမြို့နယ်ကို ရောက်ချိန်မှာ လက်ပန်လှရွာက နေတဆင့် စဉ့်ကူးမြို့ထဲကို ဝင်နေခဲ့ပြီး ကျောက်မြောင်း (ခလရ-၁၂)ကနေတဆင့်ဇူလိုင်၂၄ ရက်ညနေပိုင်းမှာ ရွှေဘိုမြို့အတွင်း ဝင် ရောက်ခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းကစစ်တပ်ယာဥ်တန်း​တွေ​မေ လကုန်ပိုင်းမှာ ကချင်ပြည်နယ်ဘက်ကိုသွား​နေစဥ်

မန္တလေးမြို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(နန်းတွင်း)နဲ့ ပုသိမ်ကြီးမြို့နယ်ကခမရ(၁၁၆)နဲ့ ခမရ(၁၁၉)ဘက်ကို ဇူလိုင်၂၂ရက် နေ့ည နေပိုင်းစစ်ကား တွေဝင်ခဲ့တယ်လို့လည်း သိရပါတယ်။တပ်မ၃၃ဟာ စစ်ကိုင်းမြို့ ပေါ်မှာအ ခြေစိုက်တာပါ။

အလားတူ ဝန်းသိုမြို့ကခမရ(၁၁၁)အတွင်းကိုလည်းအင်းတော်ကတပ်တွေရဟတ်ယာဉ်နဲ့ ပို့ခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့ကနေ တကောင်းမြို့ကိုထိုးစစ်ဆင်ပြီးချိန်မှာ စစ်တပ်ရဲ့ တပ်မ(၅၅)က နေ တပ်မ(၃၃) ကိုပြန်လဲခဲ့တာဖြစ်ပါတယ်။အခု​တော့ တပ်မ (၃၃ )ပါပြန်လည်ဆုတ်ခွာလာတာဖြစ်တယ်လို့ သိရပါတယ်။

အင်းတော် နဲ့ မော်လူးမြို့ကတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ဇူလိုင် ၁၈ ရက်ကစပြီးပြန်လည်ဆုတ်ခွာသွားပြီး စစ်သား​တွေကလူနေရပ်ကွက်နဲ့ကျေးရွာတွေထဲက သောက်သုံးရေကန်တွေ၊ အိပ်သုံးရေစည်ပိုင်းနဲ့ ‌ရေသန့်ဗူး၊ စားသောက်ကုန်တွေမှာ အဆိပ်ခပ်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။

မဲဇာ၊ နန့်သဲ၊ သံဘို၊ နောင်မိုး နဲ့အလယ်ဆိပ်ကျေးရွာက သောက်သုံးရေကန်အချို့နဲ့ အိမ်သုံးရေစည်ပိုင်းတွေ၊ပဲနဲ့ ဆန်လို စားသောက်ကုန်တွေမှာ ဓာတုဆေးတွေသုံးပြီး အဆိပ်ခပ်သွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်ရဲ့ တပ်မအလိုက် နောက်တန်းပြန်ဝင်တာ ဟာတိုက်ခိုက်ရေးခွင်(နေရာ)ပြောင်းလဲဖို့ စုဖွဲ့မှုပြန်လုပ်တာဖြစ်နိုင်ပြီး တခြားပြည်နယ်ဘက်တွေကို ထိုးစစ် ဆင်နိုင်တယ်လို့ စစ်ရေးလေ့လာသူတဦးကပြောပါတယ်။

တကောင်းမြို့အနီး ရှိနေတဲ့စစ်တပ်ဟာတော်လှန်ရေးတပ်ဖွဲ့ဝင် တွေရဲ့တိုက်ခိုက်မှုကြောင့် သေဆုံး ခဲ့တဲ့စစ်သားအချို့ရဲ့ လက်မောင်းဘက်တံဆိပ်မှာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ရဲ့ ဘတ်တံဆိပ်ကို တွေ့ရပါတယ်။အဲဒီတပ် တွေက တော့ လက်ရှိ အချိန်အထိ ပြန်ဆုတ်ခွာတဲ့ သတင်းမကြား သေးပါဘူး။

မိုးမိတ်မြို့ဘက်ကို လည်းတြိဂံဒေသတိုင်းစစ်ဌာနချုပ်တပ်တွေ ဧပြီလက ပို့ထားတယ်လို့စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။