ဇူလိုင်၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုကို ဇူလိုင် ၂၀ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်မှုတွေနဲ့ ပတ်သက်ပြီးညှိနှိုင်းတိုင်ပင်ခဲ့တာလို့ အသိပေးထားပါတယ်။
ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။

Public Service Announcement
အဲဒီ တွေ့ဆုံမှုကို SCEF အလှည့်ကျ သဘာပတိခူဦးရယ်၊ SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)မှ ကိုဆောင်းခ အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ကာ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ အသိပေးပါတယ်။
SCEF ဟာ စစ်အာဏာရှင်စနစ်ကို နိုင်ငံရေး၊စစ်ရေးအရ တွန်းလှန်တိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။ SRAဟာလည်း စစ်အုပ်စုကို ဗျူဟာမြောက်တိုက်ခိုက်ဖို့ အတွက်နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ စတင်ဖွဲ့စည်းထားတာပါ။

















































