Connect with us

Hi, what are you looking for?

သတင်း

မြိုင်ကိုစစ်​ကြောင်းထိုးတဲ့စစ်​ကြောင်းကရဲ ၂ ဦးမျက်စိလည်ကျန်​ခဲ့လို့​​တော်လှန်​ရေးအဖွဲ့ဖမ်းဆီး

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(ရဲ ၂ ဦး နဲ့ စစ်တပ်စစ်​ကြောင်းထံမှ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းနဲ့ စစ်သုံးပစ္စည်း​တွေ ။ဓါတ်ပုံ- ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

ဇူလိုင်-၂၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပခုက္ကူတပ်မ(၁၀၁)ကအင်အား (၆၀၀)၀န်းကျင်ပါတဲ့ စစ်ကြောင်းဟာ ထောက်ရှာပင်ရွာကိုစစ်ကြောင်းထိုးချိန်စစ်ကြောင်းထဲက ရဲတပ်သားနှစ်ဦးက စစ်ကြောင်းကနေ ကျန်ရစ်ခဲ့ပြီး တောတွင်းတနေရာမှာ ၇ ရက်ခန့် မျက်စိလည်လမ်းမှားကျန်ရစ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီရဲနှစ်ဦးကရဲတပ်ရင်း(၁၁)ကဖြစ်ပြီးအစာငတ်ပြတ်ဖျားနာကာအနီး၀န်းကျင်မှာ ဆန်ထွက်တောင်းရင်း တွေ့ရှိတဲ့ပြည်သူတဦးက ကြောက်လန့်ထွက်ပြေးပြီး ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အကြောင်းလာလို့ ဇူလိုင် ၇ ရက်နေ့က ဖမ်းမိခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲနှစ်ဦးဆီကနေ MA2 တလက်၊ MA12 တလက်၊ ကျည်ဘောက် ၈ခု ကျည် ၃၀၀ ကျော်နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေစီအပ်လိုက်တာပါ။ သူတို့ပဲလိုအပ်တာစစ်ဆေးမေးမြန်းနေပါတယ်”လို့ Myaing Garuda PDF တာ၀န်ရှိသူက ဖမ်းမိခဲ့တဲ့ ရဲနှစ်ဦး အကြောင်းရှင်းပြပါတယ်။

ဒါ့အပြင်ကနဦးစစ်ဆေးချက်အရမြိုင်တောင်ပိုင်း ဇီးတောရွာမီးရှို့တာမှာပါ၀င်ခဲ့ကြောင်း ရဲနှစ်ဦးကဝန်ခံထားတယ်လို့သူကပြောပါတယ်။

ဒါ့အပြင်ဇူလိုင်၂ ရက်နေ့ကလည်းမြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်‌ နေရာတွေကို နယ်မြေရှင်းလင်းစဥ် MA3 တလက် ကျည်ဘောက် ၃ ခု နဲ့ စစ်အသုံး အဆောင် ပစ္စည်းတွေ သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာရွာတစ်ရွာကို မီးရှို့ဖို့ဝင်ရောက်စဥ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထောင်ထားတဲ့ မိုင်းများထိ၍​သေဆုံးထိခိုက်သူ​တွေရှိပြီး ဝရုန်းသုန်းကား ဆုတ်ခွာသွားစဥ် စစ်အသုံးအ​ဆောင်းပစ္စည်း​တွေကျန်ခဲ့တာလို့ ​ဖော်ပြထားပါတယ် ။

လက်ရှိမှာ အဲဒီစစ်ကြောင်းက ပေါက်နဲ့ မြိုင်အစပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ရာ ရေနံမြေဒေသတွေကိုဦးတည်နေပြီးနှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၂ )ကို အခြေပြုပြီး အာဏာသိမ်းစစ်တပ်က ဆောနဲ့ ပေါက်မြို့နယ်တွေကို အင်အားနဲ့ လက်နက်ခဲယမ်းတွေထောက်ပို့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

Facebook