Connect with us

Hi, what are you looking for?

သတင်း

ဩစတေးလျနိုင်ငံရဲ့ မြို့သုံးမြို့မှာ ပြုလုပ်မယ့် Together for Tomorrow

မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Together for Tomorrow ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံရဲ့ မြို့ သုံး မြို့မှာ ပြုလုပ်သွားမှာပါ။

ဇူလိုင်-၂၈၊၂၀၂၆။ဆဏ်း/People’s Spring

မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Together for Tomorrow ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံရဲ့ မြို့ သုံး မြို့မှာ ပြုလုပ်သွားမှာပါ။

ဒီဖျော်ဖြေပွဲမှာ မောင်မောင်ဇော်လတ် နဲ့ ယုဇနတို့က အဓိက ဖျော်ဖြေမှာဖြစ်ပြီး ပထမဆုံးဖျော်ဖြေပွဲကို ဩဂုတ် ၁ ရက် ဆစ်ဒနီမြို့မှာပြုလုပ်မှာပါ။

ဆစ်ဒနီဖျော်ဖြေပွဲ လက်မှတ်တွေကို ဩစတေးလျဒေါ်လာ ၁၀၀ ၊ ၁၂၅ နဲ့ ၁၅၀ နဲ့ ရောင်းချပေးနေတာဖြစ်ပြီး ဒေါ်လာ ၁၀၀ တန်လက်မှတ်တွေ အကုန်ရောင်းကုန်သွားပြီလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီပွဲကိုကြည့်ချင်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် အထူးအစီအစဉ်အနေနဲ့ ဒေါ်လာ ၁၂၅ တန် လက်မှတ်တွေကို ဒေါ်လာ ၁၀၀ နဲ့ ရောင်းချပေးမယ်လို့ Together for Tomorrow ဖျော်ဖြေပွဲက အသိပေးထားပါတယ်။

ဒီပွဲမှာဖျော်ဖြေတင်ဆက်မယ့် မောင်မောင်ဇော်လတ်က ပြီးခဲ့တဲ့ ရက်က သမီးဖြစ်သူရဲ့ ၂၅ နှစ်ပြည့် မွေးနေ့အတွက် ရည်ရွယ်တဲ့ အကြွင်းမဲ့ သီချင်းကို အွန်လိုင်းမှာ တင်ပေးခဲ့ပါတယ်။

ဒီပွဲမှာပါဝင်တဲ့ အနုပညာရှင်တွေက ဩစတေးလျနိုင်ငံမှာ အခြေချနေထိုင်သူတွေဖြစ်ပြီး တော်လှန်ရေးပွဲတွေမှာလည်း ပါဝင် ဖျော်ဖြေပေးလေ့ရှိကြပါတယ်။

“ကိုယ်နေတဲ့မြို့ Sydney မှာစတင်တဲ့ Together For Tomorrow ဒီပွဲလေးအတွက် ရင်တွေတော့တကယ်ခုန်၊ ဆိုဖို့တောင်းထားတဲ့ သီချင်းလေးတွေ အသစ်ထပ်ထည့်လိုက်, တစ်ချို့ပြန်ဖြုတ်လိုက်နဲ့ဖြစ်နေတဲ့ ယုရဲ့လတ်တလောအခြေနေလေးပေါ့” လို့ဖျော်‌ဖြေပွဲနဲ့ပတ်သက်ပြီး ယုဇန ရဲ့အကောင့်မှာ ရေးသားထားပါတယ်။

နောက်ထပ်ဖျော်‌‌ဖြေပွဲတွေကိုတော့ စက်တင်ဘာ ၅ ရက်မှာ မဲလ်ဘုန်းမြို့ နဲ့ စက်တင်ဘာ ၁၂ ရက်မှာ Brisbane မြို့တွေမှာ ပြုလုပ်သွားမှာပါ။

ဖျော်ဖြေပွဲတွေမှာပါဝင်မယ့် အနုပညာရှင်တွေနဲ့ တီးဝိုင်းအဖွဲ့တွေက အနုပညာကြေးမယူပဲ တင်ဆက်ပေးမှာဖြစ်ပြီး ရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်တွင်းကလိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းသွားမယ်လို့ Together For Tomorrow ကအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook