Connect with us

Hi, what are you looking for?

News

ဖားကန့် ​မြေစာပုံပြိုကျ၍ ​ရေမ​ဆေးသမား ၈၀ခန့် ​ပျောက်ဆုံး​နေ

“ဖားကန့်မှာ ဟိုနေ့က ပြိုပြီး အခုတစ်ခါထပ်ပြိုတာ။မြေစာပုံကြီးက ရေကန်ဘက် ပြိုကျပြီး လှိုင်းလုံးနဲ့ရိုက်ချသွားသလိုဖြစ်တာ။ လူရှစ်ဆယ်လောက်အထိ ပါသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ယနေ့နံနက်က အခင်းပြီးနောက် ကယ်ဆယ်ရေးသမားများမလာရောက်မှီ ​တွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)

ဖားကန့်မြို့ မှော်စီစာကျေးရွာရှိ စွန့်ပစ်မြေစာပုံတစ်ပုံ ယနေ့(ဒီဇင်ဘာ ၂၂ ရက်) နံနက်က ပြိုကျခဲ့ပြီး ရေမဆေး​ကျောက်ရှာဖွေသူ ၈၀ခန့်ပျောက်ဆုံးနေသည်ဟု ဒေသခံများက ပြောသည်။

“ဖားကန့်မှာ ဟိုနေ့က ပြိုပြီး အခုတစ်ခါထပ်ပြိုတာ။မြေစာပုံကြီးက ရေကန်ဘက် ပြိုကျပြီး လှိုင်းလုံးနဲ့ရိုက်ချသွားသလိုဖြစ်တာ။ လူရှစ်ဆယ်လောက်အထိ ပါသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မှော်စီစာကျေးရွာရှိ စွန့်ပစ်မြေစာပုံမှာ နံနက် ၃နာရီခွဲခန့်က ပြိုကျခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ရက် နံနက်ကလည်း ဖားကန့်မြို့ မနမှော်မြေစာပုံ ပြိုကျခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ​ခြောက်ဦးသေဆုံးခဲ့သည်။

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် ဒီချုပ်အစိုးရက သတ္တုတူးဖော်ခွင့်ပိတ်သိမ်းထားသည့် ဖားကန့်​ဒေသတွင် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနော​က် ပေါ်ပေါ်ထင်ထင် ခိုးယူတူးဖော်နေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်က အရင်နှစ်တွေကထက် ဆိုးနေတယ်။ ရေမဆေးတွေက အလုပ်မရှိလို့ ကျောက်ရှာကြဖွေကြတာ။ စစ်တပ်ကတော့ ကုမ္ပဏီတွေနဲ့ပေါင်းပြီး ဖားကန့်ကို ဖျက်ဆီးနေပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ဖားကန့်က နေရာအချို့ကို ဒီနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြိမ်ကြဲခဲ့ပါတယ်။