Connect with us

Hi, what are you looking for?

အတွေးအမြင်

ရဲဘော်မှာလည်း အသည်းနဲ့ပါ

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က အကြီးပိုင်းတာဝန်ရှိသူ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ Facebook အကောင့်ကနေ စမ်းရေမိုးကိုပေးကဖို့ ဇာတ်မင်းသားချမ်းသာကို တောင်းဆိုထားတဲ့ မှတ်ချက်(Comment )စကရင်ရှူတစ်ခု လူမှုကွန်ရက်မှာ ​ပြန့်လာပါတယ်။ ကွန်မြူနစ်ရဲဘော်တစ်ယောက်က စစ်အာဏာရှင်လက်အောက်က စစ်တပ်အလိုကြဝါဒဖြန့်အသုံး​တော်ခံ​နေတဲ့ ဇာတ်မင်းသားကို အားပေးနေတာနဲ့ပတ်သက်ပြီး အွန်လိုင်း​ပေါ်မှာဝေဖန်ခဲ့ကြတယ်။

-Scorio ရေးသည်

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က အကြီးပိုင်းတာဝန်ရှိသူ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ Facebook အကောင့်ကနေ စမ်းရေမိုးကိုပေးကဖို့ ဇာတ်မင်းသားချမ်းသာကို တောင်းဆိုထားတဲ့ မှတ်ချက်(Comment )စကရင်ရှူတစ်ခု လူမှုကွန်ရက်မှာ ​ပြန့်လာပါတယ်။ ကွန်မြူနစ်ရဲဘော်တစ်ယောက်က စစ်အာဏာရှင်လက်အောက်က စစ်တပ်အလိုကြဝါဒဖြန့်အသုံး​တော်ခံ​နေတဲ့ ဇာတ်မင်းသားကို အားပေးနေတာနဲ့ပတ်သက်ပြီး အွန်လိုင်း​ပေါ်မှာဝေဖန်ခဲ့ကြတယ်။

ကွန်မြူနစ်ဝါဒမှာ အနုပညာဟာ အထက်တန်းစား လူနည်းစုအတွက် သက်သက်မဟုတ်ဘဲ လူထုကြီးတစ်ခုလုံးအတွက်ဖြစ်ရမယ်လို့ ခံယူထားကြပါတယ်။ အနုပညာဟာ ပြည်သူလူထု လက်လှမ်းမီနိုင်ဖို့၊ လူတန်းစားသတိ အသိတရားနဲ့ တော်လှန်ရေး စိတ်ဓာတ်ကို နှိုးဆွပေးနိုင်ရမယ်လို့ ယူဆကြပါတယ်။

​အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံအဖြစ် ရပ်တည်ကာ ပွဲလမ်းသဘင်တွေ ကပြဖျော်ဖြေနေတဲ့ အနုပညာရှင်တွေကို အားပေးတာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ယန္တရားကို သွယ်ဝိုက်ပြီးဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ အသိအမှတ်ပြုတာလို့ တော်လှန်ရေးအသိုင်းအဝိုင်းက ရှုမြင်ကြပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးရဲဘော် အားပေးနေတဲ့ ဇာတ်မင်းသား စမ်းရေမိုးဟာ ကသာဇာတိဖြစ်ပါတယ်။ ကသာမြို့နယ်ဟာအာဏာသိမ်းစစ်တ​ပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး မီးရှို့မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ ဒီကာလတလျှောက်လုံး ခံခဲ့ရတဲ့ဒေသပါ။ကသာကပြည်သူ​တွေအတွက် အသံမထွက်​ပေးတဲ့ စမ်းရေမိုးဟာ သူ့ဇာတ်ဆရာ ကိုအောင်ကျော်ထွန်းနဲ့အတူ စစ်တပ်ရဲ့ဝါဒဖြန့်ယန္တရားမှာ အားကြိုးမာန်တက် ဆောင်ရွက်နေသူဖြစ်ပါတယ်။

ဒါ့ကြောင့်တော်လှန်ရေး လုပ်နေတဲ့ရဲဘော်တစ်ဦးအနေနဲ့ ခုလို အာဏာရှင်လက်အောက်က ဇာတ်မင်းသားတစ်ယောက်ကို အားပေးတာဟာ မိမိတို့ရဲ့ယုံကြည်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကြောင့် ဝေဖန်ခံရတာဖြစ်ပါတယ်။

​အခြားတစ်ဖက်ကကြည့်ရင်တော့ ​တချို့က အနုပညာကို ခံစားတာ သို့မဟုတ် အနုပညာရှင်တစ်ဦးရဲ့ ဟန်ပန်ကို သဘောကျတာဟာ လူတစ်ဦးချင်းစီရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်လို့ ယူဆကြတာလည်း ရှိပါတယ်။

ဒါပေမဲ့ ဒီဆောင်းပါးမှာ ဇာတ်မင်းသားကိုအားပေးမိတဲ့ အမျိုးသမီးရဲဘော်ကို ဝေဖန်ဖို့ ရေးသားတာမဟုတ်ပါဘူး။ သူလည်း အရွယ်တန်းတစ်ခု၊ နေရာတစ်ခုကို ရောက်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သတိလက်လွတ်နဲ့ မန့်လိုက်မိတယ်လို့ ယူဆပါတယ်။

အဲဒီအမျိုးသမီးရဲဘော်ကတော့ သူဟာ ၅ နှစ်သမီးကတည်းက ဇာတ်သဘင်တွေကို အားပေးလာတာဖြစ်ပြီး အခုလို အားပေးတာဟာ တိမ်မြုတ်ပျောက်ကွယ်လုနီးနီးဖြစ်နေတဲ့ ဗမာ့ရိုးရာအမွေအနှစ်ဖြစ်တဲ့ ဇာတ်သဘင်ကို မြင့်တက်စေချင်တဲ့ သဘောနဲ့ အားပေးနေတာဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

ဒါ​ပေမယ့် ​CDM အနုပညာရှင်​တွေ၊တော်လှန်​​ရေးအင်အားစု​တွေရဲ့ နှစ်ပါးသဘင် ပြည်​တော်ဝင် သဘင်ကို​တော့ အဆိုပါရဲ​ဘော်တ​ယောက်အား​ပေးခဲ့ရဲ့လားမသိပါဘူး ။ ​တော်လှန်​ရေးအင်အားစု​တွေအတွက် ရန်ပုံ​ငွေ​ထောက်ပံ့မယ့် နှစ်ပါးသဘင်ပြည်​တော်ဝင်နဲ့ပတ်သက်လို့​တော့ သူမရဲ့ လူမှုကွန်ယက်မှာဘာမှ​ရေးထားတာ​တော့မ​တွေ့ရပါဘူး။

ကျွန်တော်တို့တတွေ မြို့ပြက ဇာတ်သဘင်ဖျော်​​​ဖြေပွဲတွေအကြောင်း ဝေဖန် ရေးသားတဲ့အခါမှာ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ တော်လှန်ရေးရဲဘော်တွေက ပြည်သူတွေ ပျော်​နေတာကို မလိုလားသယောင် စစ်အုပ်စုက လိုက်လံပုံဖျက်လေ့ရှိပါတယ်။ အထက်ပါရဲဘော်လို ဇာတ်သဘင်ကို နှစ်နှစ်ခြိုက်ခြိုက်အားပေးခဲ့ကြသူတွေ တော်လှန်ရေးရဲဘော်တွေထဲမှာ အများကြီးရှိပါတယ်။ ပရိသတ်တင်မဟုတ်ဘဲ တော်လှန်ရေးထဲမှာ နာမည်ကျော် ဇာတ်မင်းသား မိုးမင်းကအစ ပါဝင်သလို ဇာတ်မင်းသားမင်းသမီးတွေ၊ အငြိမ့်မင်းသမီး လူရွှင်တော်တွေလည်း အများကြီး ပါဝင်နေတယ်။

တကယ်တော့ တော်လှန်ရေးလုပ်ကြသူတွေဟာ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် အစရှိတဲ့ အနုပညာတွေကို ခံစားတတ်ကြသူတွေပါ။ ခံစားတတ်လွန်းလို့ပဲ နှလုံးသားလှလို့ပဲအဖိနှိ​ပ်ခံ ပြည်သူလူထုအတွက်​ရှေ့က​နေပြီး နှစ်ပေါင်းများစွာ အမြဲတမ်းအနိုင်ကျင့် ဗိုလ်ကျအုပ်ချုပ်ခဲ့တဲ့ စစ်တပ်ကို လက်နက်ကိုင်ပြီး ပြန်တိုက်ဖို့ ရွေးချယ်လိုက်ကြရတာပါ။ နှလုံးသားက ခေါ်ဆောင်တဲ့နောက် လိုက်ပါခဲ့ကြတာပါပဲ။ PLAက အမျိုးသမီးရဲဘော်လိုပဲ ဂန်းအစား ပန်းကိုင်ပြီး ပွဲခင်းထဲ ထိုင်ကြည့်လိုတဲ့ ရဲဘော်တွေလည်း ရှိကြမှာပါပဲ။

ဒါပေမဲ့ ယ​နေ့ စစ်တပ်ထိန်းချုပ်​ဒေသ​တွေက စစ်တပ်စိတ်ကြိုက်လုပ်​ပေး​နေတဲ့ဇာတ်သဘင်ဖျော်ဖြေပွဲတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ယန္တရားအတွက် ပင်မထောက်တိုင်ကြီးတစ်ခုဖြစ်နေလို့ တော်လှန်ရေးအဖွဲ့တွေက ထောက်ပြ​​နေကြတာဖြစ်ပါတယ်။ တစ်အုန်းအုန်းကြဲနေတဲ့ဗုံးသံကို တစ်​ဗြုန်းဗြုန်းဆိုင်းသံတွေနဲ့ဖုံးဖို့ ကြိုးစားနေကြလို့ ပြောဆိုနေကြရတာ ဖြစ်ပါတယ်။

ရဲဘော်တွေ ကြိုးစားနေကြတာဟာ တချိန်မှာ လွတ်လပ်တဲ့ကာလမှာ၊ ကောင်းမွန်တဲ့ အု​ပ်ချုပ်မှုအစီအမံအောက်မှာပြည်သူတွေ ဇာတ်သဘင်ပွဲတွေကို စိတ်ဖြောင့်ဖြောင့်ကြည့်နိုင်စေဖို့လည်း ပါဝင်ပါတယ်။

အနုပညာကို အမှန်တကယ် ချစ်မြတ်နိုးတတ်ကြတဲ့ တော်လှန်ရေးရဲဘော်တွေဟာ တစ်နေ့မှာ လွတ်လပ်ပျော်ရွှင်တဲ့ ပွဲလမ်းသဘင်တွေကို ပြည်သူတွေနဲ့အတူ လွတ်လွတ်လပ်လပ် ခံစားလိုကြတာ အမှန်ပဲ ဖြစ်ပါတော့တယ်။

ဆက်စပ်သတင်းများ

သတင်း

ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဇာတ်မင်းသားတွေကို စစ်မှုထမ်းခိုင်းဖို့ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းကာလမှာ ယက်ကန်ယက်ကန်နဲ့ သွားနေရတဲ့ မြန်မာရုပ်ရှင်တွေဟာ တစ်ကားပြီးတစ်ကား အရှုံးတွေဆက်ကာ ရုံတင်နေရတာကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရုံတင်ခဲ့တဲ့ တန်းဝင်မင်းသား နေတိုးရဲ့ ဖွားဖက်တော် ရုပ်ရှင်ကတော့ ကြည့်ရှုသူ ဆိုးဆိုးရွားရွားနည်းပါးခဲ့ပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နဲ့ ၂၈ ရက်ညက ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ဇာတ်မင်းသားသိန်းဇော်ရဲ့သဘင်ရွှေရတုပွဲ ပြုလုပ်ခဲ့ပါတယ်။ သိန်းဇော်နဲ့ ခေတ်ပြိုင်တွေဖြစ်တဲ့ ချမ်းသာ၊ နန်းဝင်း၊ မိုးဝင်းတို့နဲ့အတူ အောင်ဇဗ္မူတို့လည်း ပါဝင်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

Facebook