Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို သေနတ်နဲ့ချိန်လို့ အိန္ဒိယ ရဲအရာရှိတစ်ဦး ရာထူးက ဆိုင်းငံ့ခံရ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

ဇူလိုင် ၂၀ ရက်နေ့တုန်းက ဒေလီမြို့တော်မှာ ဆန္ဒပြ ကျောင်းသားတွေက လွှတ်တော်ဆီ ချီတက်ဖို့ လူစုနေတဲ့ အချိန်မှာ ရဲတွေက တုတ်တွေနဲ့ရိုက်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ပညာရေးဝန်ကြီး နုတ်ထွက်ပေးဖို့ လွှတ်တော်ရှေ့ သွားရောက် တောင်းဆိုမယ့် အချိန်မှာ အင်အားသုံး ဖြိုခွင်း ခံခဲ့ရတာပါ။

ဒါပေမဲ့လည်း ဆန္ဒပြမှုတွေဟာ ပြိုကွဲမသွားတဲ့အပြင် ပိုမိုအားကောင်းလာခဲ့ပြီး ဒေလီသာ မကဘဲ တခြားမြို့ရွာတွေမှာပါ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့ပါတယ်။ အိန္ဒိယ အရှေ့ပိုင်း၊ ဘီဟာပြည်နယ်ထဲက ဆီဝမ်မြို့မှာတော့ ဇူလိုင် ၂၅ ရက်နေ့တုန်းက ရဲတစ်ဦးဟာ ဆန္ဒပြသူတွေကို AK-47 မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့အပြင် သုံးကြိမ်ထက်မနည်း သေနတ်ပစ်ဖောက်ခဲ့ပါတယ်။

ဗီဒီယိုတွေထဲမှာတော့ အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံပြည့် ဝတ်ထားတဲ့ ရဲတစ်ဦးဟာ ဆန္ဒပြသူတွေဆီ ပြေးသွားပြီး သေနတ်နဲ့ ချိန်ခဲ့တာ၊ သေနတ်ကို ခပ်စောင်းစောင်း ထောင်လျက်သား အနေအထားနဲ့ ပစ်ခတ်တာတွေကို တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဘီဟာ ရဲတပ်ဖွဲ့ရဲ့ အကြီးတန်း အရာရှိ တစ်ဦးဖြစ်တဲ့ နီလစ်ရှ် ကူးမားက အဲဒီပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ မရှိကြောင်း၊ သေနတ်ကိုင်ခဲ့သူဟာ ရာဇဝတ်မှုခင်း တိုက်ဖျက်ရေး ယူနစ်က ရဲအရာရှိ တစ်ဦးဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အဲဒီ အရာရှိဟာ သေနတ်ကို လွန်ကဲတဲ့ အခြေအနေမျိုး အသုံးပြုခဲ့တယ် ဆိုတာကို ဘယ်လို အကြောင်းပြချက်နဲ့မှ မငြင်းနိုင်ကြောင်း ကူးမားက အသိအမှတ် ပြုခဲ့ပါတယ်။

အဲဒီနေရာမှာ ရှိနေတာက ရာဇဝတ်သားတွေ မဟုတ်ဘဲ ကျောင်းသားတွေသာ ဖြစ်ကြောင်း၊ သေနတ် အသုံးပြုဖို့ မလိုကြောင်း၊ ဒါကြောင့်လည်း သက်ဆိုင်ရာ အရာရှိကို ရာထူးတာဝန်ကနေ ဆိုင်းငံ့ထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေး အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း သူက ပြောကြားသွားပါတယ်။

စာမေးပွဲမေးခွန်း ပေါက်ကြားမှု၊ အစိုးရရဲ့ နောက်ဆက်တွဲ ကိုင်တွယ် ဖြေရှင်းမှုတွေ အားနည်းညံ့ဖျင်းမှုတွေကြောင့် ကျောင်းသားတွေက ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ ပညာရေးဝန်ကြီးကို ထုတ်ပယ်ပေးရေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ဟာ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ အစိုးရ သက်တမ်းတလျှောက်မှာ မကြုံစဖူး ထိချက်ပြင်းတဲ့ နိုင်ငံရေး စိန်ခေါ်မှု တစ်ခုလို့လည်း နိုင်ငံရေး သုတေသီတွေက သုံးသပ်ကြပါတယ်။ အထူးသဖြင့် ကျောင်းသားတွေရဲ့ တောင်းဆိုမှုကို လိုက်လျောပြီး ပညာရေး ဝန်ကြီးကို ထုတ်ပယ်ပေးခဲ့ရတဲ့ အခြေအနေက မိုဒီနဲ့ သူ့အစိုးရအတွက် နိုင်ငံရေးအရလည်း သိက္ခာကျသွားစေခဲ့ကြောင်း လေ့လာသူတွေက မှတ်ချက်ပေးထားကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

နိုင်ငံတကာ

အငြင်းပွားစရာ အခြေအနေဆိုးတွေ ကြုံခဲ့တဲ့နောက် နိုင်ငံရဲ့ စာမေးပွဲ စနစ်တစ်ခုလုံးကို အကြီးစား သုံးသပ်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အထူးအဖွဲ့ တစ်ခုကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက တာဝန်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် အိန္ဒိယ အစိုးရရဲ့ ပညာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။

Facebook