Connect with us

Hi, what are you looking for?

သတင်း

ICJ ရှေ့မှာ ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံအကြို ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့ Den Haag Central နဲ့ Utrecht Central station တို့မှာ (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၉) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

ဇူလိုင်-၂၉၊၂၀၂၆။သုည/People’s Spring

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့ Den Haag Central နဲ့ Utrecht Central station တို့မှာ (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၉) ပြုလုပ်ခဲ့ပါတယ်။

အနီရောင်ထီးတွေပေါ် မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံနဲ့ ၈ သင်္ကေတကို ဖော်ပြခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုဟာ ၈လေးလုံး လူထုအရေးတော်ပုံကြီးမှ ၂၁နွေဦးတော်လှန်ရေးသို့ ဆက်နွယ်ဆင်းသက်လာတဲ့ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသမိုင်းကြောင်းနဲ့ ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်နေသော မြန်မာပြည်သူတွေရဲ့ မျော်လင့်ချက်၊ ယုံကြည်ချက်၊ စိတ်ဓာတ်နဲ့ ကြိုးပမ်းမှုတွေကို ထင်ဟပ်စေဖို့ ရည်ရွယ်ကြောင်း ရန်ကုန်လူထုသပိတ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုကျရောက်မယ့် (၃၈)နှစ်မြောက် ၈လေးလုံး အထိမ်းအမှတ် ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု ကို ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံအရေးအတွက် ရပ်တည်ပေးနေကြများ အားလုံး ပူးပေါင်းပါဝင်ကြပါဖို့ကိုလည်း ရန်ကုန်လူထုသပိတ်က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဂမ်ဘီယာကမြန်မာကို တရားစွဲဆိုထားသည့်အမှုမကြာမီICJစီရင်ဆုံးဖြတ်တော့မည်ဟုဆို

သတင်း

နယ်သာလန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဒီကနေ့ (ဇန်နဝါရီ ၃၀)မှာ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

သတင်း

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ စစ်​ကောင်စီစေလွှတ်ထားတဲ့ကိုယ်စားလှယ်အဖွဲ့​ထောက်ခံပွဲကို စစ်တပ်​ထောက်ခံသူ နဲ့ အမျိုးသား​ရေးသမား​ဆိုသူတွေက ရန်ကုန်မြို့မှာ ​ထောက်ခံပွဲလုပ်တဲ့အခါ တက်​ရောက်သူ တစ်​ယောက်ကို တစ်​သောင်းကျပ်​ပေးမယ်ဆိုပြီး ​ခေါ်လာသူ​တွေပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာတရားရင်ဆိုင်နေတဲ့ကိုယ်စားလှယ်အဖွဲ့ကိုထောက်ခံပွဲတွေမှာ ICJ တရား ရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်တာတွေမလုပ်ဖို့ အာဏာသိမ်း မြန်မာစစ်ကောင်စီက နောက်လိုက်နောက်ပါ ထောက်ခံသူတွေကို သတိပေးချက်ထုတ်ပြန်လာပါတယ်။