Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်က လက်နက်စွန့်ဖို့ သဘောတူခဲ့ကြောင်း ထရမ့်ကြေညာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဟားမားစ်တွေ လက်နက်စွန့်ဖို့ သဘောတူလိုက်တာဟာ ဂါဇာကမ်းမြှောင် ဒေသမှာ ပါလက်စတိုင်း အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့လည်း ထရမ့်က ဇူလိုင် ၃၀ မှာ ပြောကြားခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဟားမားစ်တွေကလည်း လက်နက်စွန့်လွှတ်ရေး ကိစ္စအတွက် သဘောတူညီခဲ့တယ် ဆိုတာကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အစောပိုင်းမှာ ကတည်းက အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ အခုကိစ္စကို ညှိနှိုင်းနေတဲ့ နှစ်ဖက် သံတမန် အသိုက်အဝန်းက ဟားမားစ်ဟာ အလုံးစုံ လက်နက် ဖျက်သိမ်းရေး အပါအဝင် ကိစ္စ အတော်များများမှာ အပြုသဘောဆန်တဲ့ ချဉ်းကပ်မှုတွေဆီ ဦးတည်လာနေကြောင်း မှတ်ချက်ပေးထားပြီး ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ (BOP)ဟာ ဟားမားစ်နဲ့ ဂါဇာအခြေစိုက် တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး အလုံးစုံ လက်နက်စွန့်ရေးအတွက် သမိုင်းဝင် သဘောတူညီမှု တစ်ရပ်ကို ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဒါဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ခမ်းနားကြီးကျယ်တဲ့ ခြေလှမ်းတစ်ခုဖြစ်ကြောင်း ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

BOP ဆိုတာက ဂါဇာငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထရမ့်ကိုယ်တိုင် ဦးဆောင် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အင်အားစုကို ဆိုလိုတာပါ။ ထရမ့်က ဟားမားစ်ရဲ့ လက်နက် ဖျက်သိမ်းရေးကို အဆင့်တွေ ခွဲပြီး ဂရုတစိုက်နဲ့ သေသေချာချာ စီမံ လုပ်ဆောင်စေမယ်လို့လည်း ပြောပါတယ်။

ဟားမားစ်ရဲ့ လက်နက်ဖျက်သိမ်းရေးကိစ္စ အောင်မြင် ပြီးစီးသွားတဲ့အခါ ဂါဇာကနေ အစ္စရေးတပ်တွေ ပြန်ဆုတ်ခွာမှာဖြစ်ပြီး အဲဒီနောက်မှာတော့ နိုင်ငံတကာ တည်ငြိမ်မှု ထိန်းသိမ်းရေး တပ်ဖွဲ့တွေက အသစ်ဖွဲ့စည်းမယ့် ပါလက်စတိုင်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ပြည်သူတွေရဲ့ လုံခြုံရေး ကဏ္ဍကို တာဝန်ယူပေးမှာဖြစ်ကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။ သူက ဆွေးနွေးမှုတွေ ဖြစ်မြောက်အောင် ကြားဝင်ကူညီပေးခဲ့တဲ့ အီဂျစ်၊ ကာတာနဲ့ တူရကီ အစိုးရတွေကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

အစောပိုင်းတုန်းက ကိုင်ရိုမှာရှိတဲ့ သံတမန်ရေး သတင်းရင်းမြစ် တစ်ဦးက ညှိနှိုင်းဆွေးနွေးမှုတွေအရ ဟားမားစ်ဟာ ဂါဇာမှာ စစ်ရေးအတွက် ဆောက်လုပ်ထားတဲ့ မြေအောက် ဥမင်တွေ၊ လက်နက်သိုလှောင်ရုံတွေ၊ လက်နက်စက်ရုံတွေ အားလုံးကို ဖျက်ဆီးပြီး လက်နက်ငယ်၊ လက်နက်ကြီး အားလုံးကိုလည်း စွန့်လွှတ် လွှဲပြောင်းပေးရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ တပ်တွေ ဖြန့်ကျက်ထားပြီး ဟားမားစ်တွေရဲ့ ခါးသီးရန်ဘက်ဖြစ်တဲ့ အစ္စရေးကတော့ ထရမ့်ကြေညာခဲ့တဲ့ ဟားမားစ် လက်နက် ဖျက်သိမ်းရေး အစီအမံနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ ဘာသဘောထား မှတ်ချက်မှ မပေးသေးပါဘူး။ အရင်တုန်းကတော့ အစ္စရေး အစိုးရက ဟားမားစ်တွေရဲ့ လက်နက် ဖျက်သိမ်းမှုကို ဘာခြွင်းချက်မှ မထားဘဲ အကောင်အထည်ဖော်ဖို့ လိုကြောင်း သတိပေးထားဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။