Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက်က လိုင်စင်မဲ့ အရက်ဆိုင်မှာ မြန်မာ ၁၁ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ဓာတ်ပုံ - Thai Police

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ဝမ်သောင်လန် ခရိုင်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ အရက်ဆိုင်ကို ဩဂုတ် ၂ ရက် မနက်ပိုင်းမှာ ဝင်ရောက် စီးနင်း ရှာဖွေခဲ့တာလို့ ထိုင်းရဲတွေက ပြောပါတယ်။ အရက်ဆိုင်ထဲမှာ ရှာဖွေတဲ့အခါ ကက်တမင်း မူးယစ်ဆေး ပမာဏ အနည်းအကျဉ်းကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာ ၁၁ ဦးအပြင် အရက်ဆိုင်ကို ပူးပေါင်းဖွင့်လှစ်ထားသူ ထိုင်းတစ်ဦးကိုပါ ဖမ်းဆီးခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ သန်းခေါင်ကျော် အရုဏ်မတက်ခင် မနက်အစောပိုင်းတုန်းက တရားဝင် လုပ်ငန်းလိုင်စင် လျှောက်ထားမှု မရှိတဲ့ အဆောက်အအုံကို ဝင်ရောက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေရာမှာ သီချင်းသံ အကျယ်ကြီးတွေဖွင့်ပြီး ကခုန်နေသူတွေ၊ သောက်စားမူးယစ်သူတွေ၊ မူးယစ်ဆေး သုံးစွဲသူတွေကို ရှာတွေ့ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ ပြီးတော့ ကက်တမင်း ဂရမ်ဝက်လောက်နဲ့ တခြား မူးယစ်ဆေး အမျိုးအစား အနည်းအကျဉ်းကိုပါ ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အရက်ဆိုင်မှာ ဘီယာတွေလည်း တရားဝင် လိုင်စင်မရှိဘဲ ရောင်းချနေကြောင်း ရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စီးနင်းချိန်တုန်းက ဆိုင်ထဲမှာ မြန်မာဖောက်သည် ၁၁ ဦး ရှိနေခဲ့ပြီး တစ်ဦးက ၁၈ နှစ် မပြည့်သေးကြောင်း၊ သူတို့ကို မူးယစ်ဆေးဝါးမှုနဲ့ စွဲချက်တင်ထားကြောင်း၊ တချို့တွေက ပတ်စ်ပို့တ်မရှိကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

အရက်ဆိုင်ကို ထိုင်းနိုင်ငံသား တစ်ဦးက ဖွင့်လှစ်ထားတာဖြစ်ပြီး အဲဒီပုဂ္ဂိုလ်ဟာလည်း ဆိုင်ထဲမှာ မူးယစ်ဆေးဝါး သုံးဖို့ ခွင့်ပြုမှု၊ အသက်မပြည့်သေးသူ တစ်ဦးကို အရက်ရောင်းချမှု၊ လိုင်စင်မဲ့ အရက်ရောင်းမှု၊ လိုင်စင်မဲ့ လုပ်ငန်းဖွင့်လှစ်မှု၊ တရားဝင် သတ်မှတ်ထားတဲ့ ကာလအပြင်ဖက်မှာ အရက်ရောင်းချမှုတွေအတွက် တရားစွဲဆို ခံရမယ်လို့ ရဲတွေက ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။