Connect with us

Hi, what are you looking for?

သတင်း

ICRC တွေ့ဆုံခွင့်နဲ့မလုံ​လောက်၊ ဒေါ်​အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းအားလုံးချက်ချင်းလွှတ်​ပေးဖို့ဗြိတိန်အစိုးရ​တောင်းဆို

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။

(ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တာဝန်ရှိသူတို့ ဒီကနေ့ ဩဂုတ် ၃ရက်မှာ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

သြဂုတ်-၄၊၂၀၂၆။​နေ့သစ်/People’s Spring

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။

‘‘အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ သူမရဲ့ မိသားစုဝင်များနဲ့ ထောက်ခံအားပေးသူများအတွက် ကာလရှည်ကြာ မသေချာမှုများ၊ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေခဲ့ပြီးနောက်၊ အသက်ရှင်လျက်ရှိကြောင်း အတည်ပြုနိုင်တဲ့သက်သေအထောက်အထားကို ယူဆောင်လာခဲ့ပါတယ်။ သို့သော် ဒီအချက်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

ယူကေအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ထိန်းသိမ်းထားခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိပြီး၊ သူမ အပါအဝင် မြန်မာနိုင်ငံတွင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်။ ’’ Baroness Winterton, ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီးလို့ ဗြိတိန်သံရုံးက သြဂုတ် ၄ ရက်မှာထုတ်ပြန်ပါတယ် ။

Public Service Announcement

Public Service Announcement

အလားတူ ဥရောပသမဂ္ဂ(EU)ကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တို့ တွေ့ဆုံနိုင်မှုဟာ နိုင်ငံတကာအသိုက်အဝန်းက တွေ့ဆုံခွင့်ရရှိရေးကို အပြင်းအထန် တောင်းဆိုနေတဲ့ အခြေအနေမှာ ရှားပါးပြီး ကာလကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရရှိခဲ့တဲ့ အခွင့်အရေးဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။

“ရှေ့သို့တစ်လှမ်းတိုးတက်မှုဖြစ်သော်လည်း သူမ၏ မိသားစုဝင်များနှင့် ဥပဒေအကြံပေးရှေ့နေများကို တွေ့ဆုံခွင့်အပါအဝင် ဆက်လက် တွေ့ဆုံခွင့်ရရှိရေးမှာ အလွန်အရေးကြီးနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အပြည့်အဝ ပြန်လွှတ်ပေးရန် ကျွန်ုပ်တို့၏ တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုပါသည်” လို့ ဥရောပသမဂ္ဂက ထပ်မံ​တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကလည်း မိခင်ဖြစ်သူနဲ့ ICRC တွေ့ဆုံမှုဟာ ငါးနှစ်ကျော်အတွင်း မိခင်နဲ့ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ ပထမဆုံး တိုးတက်မှု ဖြစ်ကြောင်း မနေ့က ထုတ်ပြန်ထားပါတယ်။ မိသားစုနဲ့အတူ ရပ်တည်ပေးခဲ့သူအားလုံးနဲ့ Proof of Life လှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်က ဖော်ပြခဲ့ပြီး အားလုံးရဲ့ အသံထွက်ပြောဆိုကြိုးပမ်းမှု၊ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှုကြောင့် မိခင်ဖြစ်သူ မတရားဖမ်းဆီးခံထားရတဲ့ ကိစ္စ ဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုအောက်မှာ ဆက်ရှိနေနိုင်ခဲ့တာလို့ ရေးသားထားပါတယ်။

မိခင်နဲ့ တိုက်ရိုက်စကားပြောခွင့်ရရေး၊ မိသားစုနဲ့ တွေ့ဆုံခွင့်ရရေး အပြင်နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အတူ မိခင်ဖြစ်သူကို ချက်ချင်း ခြွင်းချက်မရှိလွှတ်ပေးရေးကိုမျှော်လင့်ကြောင်းလည်းကိုထိန်လင်းက ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီး​ထောင်ချထားတဲ့​ဒေါ်​အောင်​ဆန်းစုကြည်ကို မိသားစု ၊​ရှေ့​နေ​တွေနဲ့ပါ ဆက်သွယ်ခွင့်မ​ပေးပဲသတင်းအ​မှောင်ချခဲ့ပါတယ် ။ ၅ နှစ်ခွဲ​ကျော် မတရားဖမ်းဆီး​ထောင်ချ သတင်းအ​မှောင်ချထားတာ​ကြောင့် ​ဒေါ်​အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိ ၊မရှိ မသိ​တော့တာ​ကြောင့် သားဖြစ်သူ ကိုထိန်လင်း (​ခေါ်)ကင်မ်အဲရစ် ဦး​ဆောင်ပြီး ပြည်တွင်းပြည်ပမှ ​ဒေါ်​အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိ​ကြောင်းခိုင်မာတဲ့သက်​သေအ​ထောက်အထားပြဖို့ ဖိအား​ပေး​တောင်းဆိုခဲ့ကြပါတယ် ။

ပြင်သစ်သမ္မတ မက်ခရွန်လို ကမ္ဘာ့​ခေါင်း​​ဆောင်​တွေအပါအဝင် နိုင်ငံတကာနဲ့ အာဆီယံက ​ပါ​တောင်းဆိုသလို ပြည်သူ​တွေရဲ့ဖိအား​တွေ​ကြောင့် စစ်တပ်က သြဂုတ် ၃ ရက်မှာ နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ICRC ဌာ​နေကိုယ်စားလှယ်​တွေ့ဆုံတဲ့သတင်းကို စစ်တပ်ကထုတ်ပြန်ပါတယ် ။ ICRC ကလည်း သြဂုတ် ၃ ရက် ည​နေပိုင်းမှာ အဆိုပါ​တွေ့ဆုံမှု မှန်ကန်​ကြောင်းအတည်ပြုထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။