Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မြို့နယ်တောင်ပိုင်း စစ်တပ် ဗုံးကြဲပြီး မိထ္ထီလာ- ကျောက်ပန်းတောင်းလမ်းပိုင်း အင်အားတိုး

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၂၀၂၆ ဇွန်လ ၅ ရက်က မလှိုင်နယ်ကို စစ်တပ်က လေကြောင်းက ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - CJ)

ဩဂုတ် ၄၊၂၀၂၆။ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ဇူလိုင် ၂၆ ရက်ကစတင်ကာ မိတ္ထီလာမြို့နယ်နဲ့ ထိစပ်နေတဲ့ မလှိုင်မြို့နယ်တောင်ခြမ်းကို ဂျိုင်ရယ် ကော်ပတာ၊ပါရာမော်တာ(Paramoter)၊ဂျက်ဖိုက်တာတို့နဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး ဒီကနေ့မနက် ၁၁နာရီခန့်မှာလည်း မလှိုင်မြို့နယ်တောင်ပိုင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

“အကြမ်းဖက်စစ်တပ်က မိတ္ထီလာနယ်ရှမ်းမငယ် တိုက်နယ်၊မိတ္ထီလာ ကျောက်ပတောင်းလမ်းဘေး တလျောက်ကို ခံစစ်ပြင် နေတယ်လို့သိရတယ်။စစ်ရေးတော့မရှိပါဘူး။ဒါပေမယ့်အမြန်လမ်းတလျောက်က နေလည်းကာထားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဇူလိုင်၂၆ရက် နေ့ကနေ ဒီနေ့အထိ လေကြောင်းတိုက်ခိုက်မှု ၁၄ကြိမ်ထပ်မနည်း ပြုလုပ်ခဲ့ပြီး အမျိုးသမီးတဦး သေဆုံးကာ။ အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ဦးတို့ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းတွေ အပါအဝင် အဆောက်အဦးတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မလှိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များကတော့ ပြည်သူတွေ ဗုံးခိုကျင်းတွေတူးကြဖို့နဲ့ လေကြောင်းရန်ဂရုစိုက်ကာကွယ်ဖို့ နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။