Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုအပေါ် စစ်အုပ်စုတရားဝင်မှုရဖို့အသုံးချတာ ခွင့်မပြုသင့်ဟု NUG ထုတ်ပြန်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

(​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC က မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque တို့​တွေ့ဆုံစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

ဩဂုတ် ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

“ တွေ့ဆုံမှုသည် အာဏာသိမ်းစစ်အုပ်စုအတွက် တရားဝင်မှု ရရှိစေရန် အသုံးချခြင်း၊ ၎င်းတို ကျူးလွန်ထားသည့် ကြီးလေးသော နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို ဖုံးကွယ်ပေးခြင်း (သိုမဟုတ်) မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် စစ်မှန်သော နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရမည့် အရေးကိစ္စများကို အစားထိုးလှည့်စားခြင်းတိုအတွက် လုံးဝ အသုံးချခွင့် မပြုသင့်ကြောင်း အလေးအနက် ဖော်ပြအပ် ပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဩဂုတ် ၃ ရက်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခေါင်းစဥ်နဲ့ သီးသန့် သွားရောက်တွေ့ဆုံခဲ့ တွေ့ဆုံမှုဟာ နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်တောက်ခံရပြီး မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင် သက်ရှိထင်ရှားရှိနေသေးကြောင်းကို သိရှိစေခဲ့ပြီး၊ စိုးရိမ်ပူပန်နေကြတဲ့ ပြည်သူလူထုတရပ်လုံးအတွက် အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာရ ဝမ်းမြောက်အားရစရာ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာ အသိုင်းအဝန်း၊ အိမ်နီးချင်းနိုင်ငံများနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ် တောင်းဆိုခဲ့ကြသူများ အားလုံးကို ရိုးသားစွာ ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြပါတယ်။

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်တွေ့ဆုံခွင့်ရရှိမှုသည် အာဏာသိမ်း စစ်အုပ်စု၏ စေတနာကောင်းဖြင့် လုပ်ဆောင်ခြင်း တစ်စုံတစ်ရာ မဟုတ်ဘဲ စဉ်ဆက်မပြတ်သော နိုင်ငံတကာ၏ ဖိအားပေးမှုများနှင့်အတူ မြန်မာပြည်သူများနှင့် ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၏ မဆုတ်မနစ် ကြိုးပမ်းတောင်းဆိုခဲ့မှုတို၏ ရလဒ်ပင် ဖြစ်ပါသည်” လို့ NUGက ထုတ်ပြန်ပါတယ်။

အခုတွေ့ဆုံမှုဟာ အပြုဘောဆောင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဆင့်တစ်ရပ် ဖြစ်သော်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး၊ ချုပ်နှောင်ထားရှိတဲ့ အခြေအနေများနဲ့ အခြေခံအခွင့်အရေးများအပေါ် ဆက်လက်ရှိနေတဲ့ ကြီးမားသော စိုးရိမ်ပူပန်မှုများကို လျော့ပါးစေခြင်းမရှိဟု ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးနေရာမှာ ယခု တွေ့ဆုံမှုက ဘယ်လိုမှ အစားထိုးနိုင်မှာ မဟုတ်ကြောင်းလည်း

ဖော်ပြထားပါတယ်။

NUG အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်လာရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ တရားမျှတမှု ရရှိရေးနဲ့ မြန်မာပြည်သူတရပ်လုံး လိုလားတောင့်တလျက် ရှိတဲ့ စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးတို့အတွက် ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်မယ်လို့ သဘောထား ထုတ်ပြန်ခဲ့ပြီး ဒီလို တိုက်ပွဲဝင်ရာမှာ မဟာမိတ် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအသိုင်းအဝိုင်းများနဲ့အတူ လက်တွဲဆောင်ရွက်မယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။