Connect with us

Hi, what are you looking for?

ဆောင်းပါး

ရေဘေးသွားလှူမယ်ဆိုရင်

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မိုးများလို့ ရေကြီးနေပြန်ပါတယ်။

ထွန်းညိုဦး/People’s Spring

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မိုးများလို့ ရေကြီးနေပြန်ပါတယ်။

ရေကြီးပြီဆိုရင် မြန်မာ့ဓလေ့ လှူဖို့ ပြင်ဆင်ကြတာ အားရစရာပါ။ ရေဘေးဒုက္ခသည်တွေအတွက်လည်း တကယ်ကို အားကိုးဖွယ်ရာပါ။ ဒါပေမဲ့ ဘာမှကြိုတင်လေ့လာတာမျိုးမရှိဘဲ ထမင်းထုပ်တွေတင်ပြီးထွက်လာကြတဲ့အခါ ကမောက်ကမတွေ ကြုံရတော့တာပါပဲ။ ရေဘေးတွေ မကြာခဏ ကြုံဖူး၊ သွားရောက်ဦးဆောင်လှူဒါန်းဖူးသူအနေနဲ့ အကြုံချက်အချို့ကို ရေးသားပေးလိုက်ပါတယ်။

၁။သွားရောက်မယ့်ဒေသကိုကြိုတင်စုံစမ်းပါ

Public Service Announcement

Public Service Announcement

သွားလှူမယ့် ဒေသမှာ လက်ရှိရေ ဘယ်လောက်တက်နေသလဲ၊ ကယ်ဆယ်ရေးစခန်း ဘယ်လောက်ရှိသလဲ၊ အဓိကဘာတွေ လိုအပ်နေသလဲ (ဥပမာ- သောက်သုံးရေ၊ ဆေးဝါး သို့မဟုတ် စားနပ်ရိက္ခာ) ဆိုတာကို ဒေသခံလူမှုကူညီရေးအသင်းတွေဆီကနေ ကြိုတင်ဆက်သွယ်စုံစမ်းပါ သွားမယ့်လမ်းကြောင်းမှာ ရေကျော်နေတာတွေ၊ တံတားကျိုးတာတွေ ရှိမရှိ ကြိုမေး ကြိုစုံစမ်းပါ။

၂။ လှူဒါန်းမယ့် ပစ္စည်းတွေ စီစဉ်ပါ။

​ရေဘေးဒုက္ခသည်တွေအတွက် လက်တွေ့အသုံးအများဆုံးနဲ့ အလိုအပ်ဆုံး ပစ္စည်းတွေကတော့ ရေသန့်ဘူး၊ ဆေးဝါး(ဖျားနာဆေး၊ ဝမ်းပျက်ဝမ်းလျှောပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အရေပြားယားယံတာနဲ့ မှိုစွဲတာတွေအတွက် လိမ်းဆေးများ)၊လွယ်ကူစွာ စားသုံးနိုင်တဲ့ အစားအစာတွေ ခေါက်ဆွဲခြောက်၊ ဘီစကစ်၊ ကိတ်၊ စည်သွပ်ဘူး စသဖြင့်။ (ဖျားနာဆေး၊ ဝမ်းပျက်ဝမ်းလျှောဆေး၊ အကိုက်အခဲပျောက်ဆေး)အမျိုးသမီး လစဥ်သုံးပစ္စည်းများ၊ ကလေးအနှီး(Diapers)များ။

ထမင်းထုပ်ကတော့ ကိုယ်ချက်မယ့်အချိန်၊ ကိုယ့်ဒေသကနေ ရေဘေးသင့်ဒေသကို သွားရမယ့်ခရီးကြာချိန် တွက်ဆပြီးမှ ယူသွားပါ။ ထမင်းထုပ်တွေ သိုးသွားတာ၊ ကိုယ်ရောက်တဲ့အချိန် တခြားအဖွဲ့တွေက ထမင်းထုပ်လာဝေသွားပြီးပြီမို့ အလဟသ ဖြစ်တာတွေ ရှိတတ်လို့ပါ။

၃။ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ပါ။

ရေထဲဆင်းရမယ့် အနေအထားရှိပါက ရာဘာဖိနပ်ရှည်၊ မိုးကာအင်္ကျီနဲ့ ရေစိုခံအိတ်တွေ ယူဆောင်သွားပါ။ ရေပြင်ကျယ် သို့မဟုတ် ရေအနက်ပိုင်းသို့ လှေနဲ့ သွားရမယ်ဆိုပါက အသက်ကယ်အင်္ကျီ (Life Jackets)တွေကို မဖြစ်မနေ စီစဉ်ပါ။ Power Bank တွေကိုလည်း ကြိုတင်အားသွင်းထားပါ။

၄။ အပျော်ခရီးမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။

ရေဘေးဒုက္ခသည်တွေဟာ ကြီးစွာသော လူမှုဒုက္ခနဲ့ ကြုံနေကြရတာပါ။ စိတ်ရော လူပါ ပင်ပန်းနေကြတာပါ။ မိမိအလှူအတွက် ရေဘေးဒုက္ခသည်တွေကို ဓါတ်ပုံရိုက်မှတ်တမ်းယူမယ်ဆိုရင်လည်း စာနာသောစိတ်နဲ့ ရိုက်ကူးပါ။ ဝန်ထုပ်ဝန်ပိုးမဖြစ်ပါစေနဲ့။ အပျော် Tiktok ရိုက်တာတွေ သတိပြုဆင်ခြင်ပါ။ ဖုန်းကို ကျောပိုးအိတ်ထဲ ထည့်ထားပြီး ရေဘေးကို စိတ်ပါလက်ပါကူညီပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

Facebook