Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို ထိုင်းအရပ်ဖက် အဖွဲ့အစည်းတွေ ကန့်ကွက်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို ကန့်ကွက်ကြောင်းထိုင်းအရပ်ဖက် အဖွဲ့အစည်း ၁၆ ခုက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ်-၆၊၂၀၂၆။People’s Spring

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို ကန့်ကွက်ကြောင်းထိုင်းအရပ်ဖက် အဖွဲ့အစည်း ၁၆ ခုက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Solidarity Collective TH – SEM (Spirit in Education Movement)၊ Milk Tea Alliance Thailand၊ FemSamYan၊ Socialgaze အစရှိတဲ့ မိတ်ဖက်ကွန်ရက်အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မင်းအောင်လှိုင်ရဲ့ ဩဂုတ် ၆ ရက်နဲ့ ၇ ရက် ထိုင်းနိုင်ငံ ခရီးစဉ်ကို ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

လူထုရဲ့ကောင်းကျိုးကို မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွားထက် ဦးစားပေးဖို့လိုကြောင်း ခေါင်းစဉ်တပ်ထားတဲ့ ထုတ်ပြန်ချက်မှာတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အစုလိုက် သေဆုံးစေမှုတွေအတွက် အဓိက တာဝန်ရှိကြောင်း ဝေဖန် ထောက်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ ပြည်တွင်းပြဿနာ သက်သက်မဟုတ်ဘဲ ဒေသတွင်း နိုင်ငံတွေကိုပါ သက်ရောက်မှု ရှိခဲ့ပြီး ဒုက္ခသည် သန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ၊ နယ်စပ်မတည်ငြိမ်မှုနဲ့ လူကုန်ကူးမှုတွေ ပိုဆိုးရွားလာစေပြီး ထိုင်းပြည်သူတွေကိုပါ အကျပ်အတည်း ကြုံစေခဲ့တာတွေကို ထိုင်းအရပ်ဖက် အဖွဲ့အစည်းတွေက မီးမောင်းထိုးပြခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို လက်ခံပေးပြီး မြန်မာစစ်တပ် အုပ်စိုးမှုကို တရားဝင်မှု၊ ဒါမှမဟုတ်ကောင်းကျိုးပြုမှုတွေထောက်ပံ့ပေးအပ်တာဟာ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အကျိုးရှိစေမှာ မဟုတ်ဘဲ ရန်လို တိုက်ခိုက်မှုတွေကိုပိုမို ရှည်ကြာစေပြီးပြည်သူတွေရဲ့ ဒုက္ခဆင်းရဲကို ပိုကြာညောင်းသွားစေမယ်လို့ ထိုင်းအရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။

ကိုယ်ပြည်သူတွေအပေါ် အကြမ်းဖက်နေတဲ့ အုပ်စိုးသူ အစုအဖွဲ့ကိုထောက်ခံခြင်းက ထိုင်းနိုင်ငံအတွက် စစ်မှန်တဲ့ လုံခြုံရေး အာမခံချက်ကို ရရှိစေမှာ မဟုတ်တဲ့အပြင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာ လေးစားမှုတွေအပေါ် မျက်ကွယ်ပြုရာလည်း ရောက်လိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ထိုင်းအရပ်ဖက် အဖွဲ့အစည်းတွေက အာဏာသိမ်း မြန်မာစစ်တပ်ဆီ စီးဝင်နေတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ပြီးစစ်တပ်အကျိုးရှိစေမယ့်ပူးပေါင်းဆောင်ရွက်မှုတွေ အားလုံးကို ပြန်လည် သုံးသပ်ဖို့၊ မြန်မာပြည်သူတွေဆီ တိုက်ရိုက် ရောက်ရှိနိုင်မယ့် လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ဖို့၊ လူထုဆန္ဒနဲ့ မညီဘဲ အစိုးရနေရာ ယူထားတဲ့ မြန်မာစစ်တပ်နဲ့ ခေါင်းဆောင်ပိုင်းတွေအပေါ် တရားဝင်မှု မပေးအပ်ဖို့ စတာတွေကိုလည်း ထိုင်းအစိုးရဆီ အကြံပြု တောင်းဆိုထားပါတယ်။

မင်းအောင်လှိုင်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အဓိက တာဝန်ရှိသူ တစ်ဦးလို့ စွပ်စွဲ ခံထားရပြီး နိုင်ငံတကာ တရားစီရင်ရေး စနစ်အောက်မှာ ဖမ်းဝရမ်း အထုတ်ခံထားရသူ တစ်ဦးလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ​ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေ ကျူးလွန်နေသူတွေဖက်ကရပ်တည်တာဟာကိုယ်တိုင်လည်း အကြမ်းဖက် လုပ်ရပ်တွေကို အားပေးတယ်လို့ အထင်ခံရနိုင်တာကြောင့် ဒီကိစ္စမျိုးကို သတိထား ရှောင်ကြဉ်သင့်ကြောင်း ထိုင်းအဖွဲ့အစည်းတွေက ပြောပါတယ်။

ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမျိုး အမှန်တကယ် ဖြစ်ထွန်းစေချင်ရင် စစ်ဘေးသင့် ပြည်သူတွေဖက်က ခိုင်မာစွာ ရပ်တည်တာ၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို တရားဝင် အသိအမှတ် မပြုတာမျိုး ပြယုဂ်တွေနဲ့ စတင်ရမှာဖြစ်ကြောင်း၊ ထိုင်းနဲ့ မြန်မာပြည်သူတွေကြားက လုံခြုံဘေးကင်းရေးကို သီးခြားခွဲပြီး ရှုမြင်လို့ မရကြောင်း၊ ဒေသတစ်ခုလုံးရဲ့ငြိမ်းချမ်းရေးနဲ့ အနာဂတ်အတွက် ထိုင်းအစိုးရဟာ မင်းအောင်လှိုင်ကို ထောက်ခံမှုတွေအားလုံး ရပ်တန်ဖို့ လိုကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းဖော်ပြထားပါတယ်။

ကိုးကား-The Reporters

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်