Connect with us

Hi, what are you looking for?

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေဖြေရှင်းဖို့ စစ်တပ်ကို ဖျက်သိမ်းရမယ်လို့ JFM ထုတ်ပြန်

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

(မြဝတီမြို့နယ်က KK park ကျားဖြန့်ဆိုက်ရှိ နေအိမ်တစ်လုံးကို စစ်တပ်က ဟန်ပြစီးနင်းနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

ဩဂုတ်-၆၊၂၀၂၆။တေဇ/People’s Spring

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

“တရားမဝင်မြန်မာစစ်အုပ်စုသည် မြန်မာ၊ ထိုင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများကို ထိခိုက်ဆုံးရှုံးနစ်နာ နေစေသည့် ဆိုက်ဘာငွေလိမ်လုပ်ငန်းကြီးများ ကြီးထွားပြန့်ပွားနေရခြင်း၏ အရင်းခံဇစ်မြစ်ဖြစ်သည်။”လို့ JFM က ထုတ်ပြန်ထားပါတယ်။

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေကနေ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF)က အကျိုးအမြတ်တွေရရှိနေတာဖြစ်ပြီး အဲဒီ့ကရတဲ့ငွေတွေက စစ်တပ်ကျူးလွန်နေတဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေအတွက် ထောက်ပံ့ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လျှပ်စစ်နဲ့ လောင်စာဆီရောင်းချရာက အကျိုးအမြတ်ရရှိနေတဲ့ ထိုင်းနိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ အဂတိလိုက်စားတဲ့ အရာရှိ‌တွေရဲ့ပါဝင်ပတ်သက်မှုကြောင့် မြဝတီမြို့နယ်မှာ ဆိုက်ဘာငွေလိမ်လုပ်ငန်းကြီးတွေ ကျယ်ပြန့်လာခဲ့တာလို့ JFM ကထောက်ပြထားပါတယ်။

ဒါကြောင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေလုပ်ဆောင်နေတဲ့စစ်တပ်ကို နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုရဲ့ ကျူးလွန်သူလို့ သတ်မှတ်ရမှာဖြစ်ပြီး ဒီကိစ္စကို ဖြေရှင်းဖို့ စစ်တပ်နဲ့ လက်တွဲလုပ်ဆောင်ရမှာမဟုတ်ဘူးလို့ JFM ကသုံးသပ်ထားပါတယ်။

” ထိုင်းအစိုးရသည် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး မှားယွင်းသော တရားဝင်မှု ပေးအပ်ရန် ကြိုးစားခြင်းသည် ယင်းအကျပ်အတည်းကို ပိုဆိုးသွားစေမည်သာ ဖြစ်သည်။” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တပ်မှူး ဗိုလ်မုတ်သုန်ကို လူကုန်ကူးမှုစွဲချက်တွေ ဖမ်းဝရမ်းထုတ်ထားသလို ထိုင်းအာဏာပိုင်တွေအနေနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ လူကုန်ကူးမှု‌တွေ အတွက် တာဝန်ရှိတဲ့ စောချစ်သူ (စံမြင့်)၊ တင်ဝင်း အပါအဝင် စစ်အုပ်စုနဲ့လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေက အခြားလူပုဂ္ဂိုလ်တွေကို ရာဇဝတ်ကြောင်းအရ အရေးယူဆောင်ရွက်ဖို့ အလျင်အမြန် လုပ်ဆောင်ရမည်လို့ အကြံပြုထားပါတယ်။

ထိုင်း နဲ့ အခြားနိုင်ငံကအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့လေယာဥ်ဆီရင်းမြစ် အားလုံးကို ဖြတ်တောက်ဖို့ ၊ သူတို့နဲ့အတူကြံရာပါ ကျူးလွန်ခဲ့တဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းတွေ အတွက် ရာဇဝတ်ကြောင်းအရ အရေးယူတာဝန်ခံစေဖို့ JFM ကတောင်းဆိုထားပါတယ်။

“မြန်မာနိုင်ငံအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်နိုင်ရန်အတွက် မြန်မာစစ်ရာဇဝတ်ဂိုဏ်းနှင့် ၎င်း၏ အစွယ်အပွား ပြည်သူ့စစ်များကို ဖျက်သိမ်းရမည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများနှင့် နိုင်ငံတကာရာဇဝတ်မှုကျူးလွန်သူများကို တာဝန်ခံစေရမည်သာ ဖြစ်သည်။” လို့ JFM က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုင်းအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ ‌ဩဂုတ် ၆ရက်မှာ ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ဒီခရီးစဉ်ကို ဖိတ်ကြားခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဝီယာကူကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေက ဒီနေ့ညနေပိုင်းမှာ ထိုင်းနိုင်ငံအစိုးရအုပ်ချုပ်ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် (OPDC) ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook