Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြုံနေတဲ့ မဘိမ်းမြို့ကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ရှိ လူနေရပ်ကွက်တွေ စစ်တပ်က ဇူလိုင် ၂၈ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - ဒေသခံ)

ဩဂုတ်-၇၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသတွင်းမှာ မိုးကြီးနေတဲ့အပြင် တရုတ်နိုင်ငံက ရွှေလီမြစ် အထက်ပိုင်းရေပိုလွှဲက​ရေလွှတ်နေလို့ မဘိမ်းမြို့နယ်အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်နေတာဖြစ်ပါတယ်။

” ရေက တရိပ်ရိပ်တက်တာကနေ အခုဆိုရင် အိမ်အောက်ထပ်တွေလုံးဝမြုပ်သွားပြီ။လူတွေဒုက္ခရောက်နေတဲ့အချိန်မှာ လေကြောင်းကခဏခဏလာပြီးဗုံးကြဲနေတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သြဂုတ် ၆ရက် ညကလည်း စစ်တပ်က မဘိမ်းမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ ရေကြီးနစ်မြုပ်နေတဲ့အတွက် လမ်းပမ်းဆက်သွယ်ရေးခက်ခဲနေတဲ့အပြင် ဖုန်းလိုင်းတွေလည်းအဆက်အသွယ်များတဲ့အတွက် ထိခိုက်မှုအအခြေနေကို မသိရသေးပါဘူး။

တရုတ်နိုင်ငံဘက်ခြမ်းက လုံကျန်းရေအားလျှပ်စစ်စက်ရုံဟာ ဆည်ရေများနေတဲ့အတွက် ဩဂုတ် ၃ ရက် ညကစပြီး ရေပိုလွှဲက‌ နေရေထုတ်လွှတ်နေလို့ မဘိမ်းမြို့နယ်အပါအဝင် ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်နေတာဖြစ်ပါတယ်။

ဩဂုတ် ၆ရက်အထိ ရေလွှတ်မှာဖြစ်ပြီး ရွှေလီမြစ်တလျှောက် နေထိုင်သူတွေ သတိထားကြဖို့လည်း ထုတ်ပြန်ထားပါတယ်။ ရွှေလီမြစ်ဟာ တရုတ်နိုင်ငံ ဝင်တင်မြို့ကနေ မူဆယ်၊ နမ့်ခမ်း၊ မိုးမိတ်၊ မဘိမ်းမြို့နယ်တွေကို ဖြတ်ပြီး ဧရာဝတီမြစ်ထဲ စီးဝင်တာဖြစ်ပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်၊ သီပေါ၊ သိန္နီမြို့နယ်တွေအပြင် မိုင်းယယ်၊ ကျေးသီးမြို့နယ်‌ တွေမှာလည်း မိုးများပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပါတယ်။ မိုးမိတ်မြို့နယ်နဲ့ဆက်စပ်နေတဲ့မန္တလေးတိုင်းမိုးကုတ်မြို့မှာလည်း မိုးကြီးပြီး မြေပြိုမှုတွေရင်ဆိုင်နေရပါတယ်။

စစ်တပ်က ဇူလိုင် ၂၈ရက် မနက်ကလည်း မဘိမ်းမြို့ ရပ်ကွက် (၂)နဲ့ ရပ်ကွက် (၃)ကိုဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

မဘိမ်းမြို့ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပါတယ်။

ရှမ်းပြည်နယ်က မိုးမိတ်၊ စစ်ကိုင်းတိုင်း ကသာမြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ ကသာနဲ့ မဘိမ်းမြို့ကြားမှာ ငါးအိုးကျေးရွာတည်ရှိပြီး ခလရ(၁၂၁)တပ်ရင်း တပ်စွဲထားပါတယ်။

လက်ရှိမှာ ကသာ၊ ရွှေကူမြို့နယ်တွေမှာတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ခလရ(‌၁၂၁)တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယမန်နေ့ညကလည်း ရွှေကူမြို့နယ်မှာ ဒရုန်းနဲ့ လက်နက်ကြီးအသုံးပြုတိုက်ခိုက်တဲ့ ပြင်းထန်တဲ့ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။