Connect with us

Hi, what are you looking for?

သတင်း

ရေဘေးဒဏ်ခံနေရတဲ့ ခင်ဦးမြို့နယ်ကို စစ်တပ်က ဗုံးကြဲ

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

(ရေကြီးနေတဲ့ ခင်ဦးမြို့နယ်က တနေရာကို ယနေ့ သြဂုတ် ၁၁ ရက်တွင် မြင်တွေ့ရစဥ်။ ဓာတ်ပုံံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

သြဂုတ် ၁၁၊ ၂၀၂၆။ ဇေအောင်/People’s Spring

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၁၁ ရက် နေ့လယ် ၂ နာရီခွဲခန့်က ရေဘေးသင့်နေတဲ့ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာက စျေးဆိုင်ဖွင့်ထားတဲ့ နေအိမ်တစ်အိမ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်တိုင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“နွားတစ်ကောင်ပဲထိတယ်။ အိမ်ကောပေါ့။ ပြည်သူတွေကတော့ ရှောင်နေရတယ်။ ကူမဲ့အဖွဲ့တွေကိုလည်း စကစက ရွှေဘိုကနေ ပေးမဖြတ်ပါဘူး။ ဒုက္ခတွေရောက်ကြရတယ်။ နောက်တစ်ပတ်မှ ရေမကျရင် မလွယ်ဘူး”လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်ခံရတဲ့ ကွမ်းတိုင်းရွာဟာပတ်ပတ်လည်က ချောင်းနဲ့ ကန်တွေကြောင့် ရေကြီးနေတာဖြစ်ပြီး ခင်ဦးမြို့အရှေ့ဘက် ၂ မိုင်အကွာမှာ တည်ရှိပါတယ်။

ရွှေဘိုခရိုင်က ရေဘေးသင့်ဒေသတွေကို သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေသူတွေကိုလည်း ရွှေဘိုမြို့ရဲတပ်ဖွဲ့က နေအိမ်ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ခင်ဦးမြို့နယ်မှာ ရေဘေးတိမ်းရှောင်နေရတဲ့ ပထမရက်ကတည်းက ရွှေဘိုမြို့ လကရ(၈)ကနေ အသေခံဒရုန်းတွေနဲ့ ခင်ဦးမြို့နယ်အရှေ့ခြမ်း ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိ ခင်ဦးမြို့နယ်အနောက်ခြမ်း မူးမြစ်ဘေးက တာတိုင်၊ ကျွန်းတောကြီး၊ မူးသာ၊ ယာတော် သက်သာပန်းတောင်း(ကားဆိပ်) အစရှိတဲ့ ကျေးရွာ ၅ ရွာမှာ ရေမကျသေးဘဲ ပြည်သူတွေ ရေဘေးသင့်နေဆဲ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook