Connect with us

Hi, what are you looking for?

သတင်း

လူထုဆန့်ကျင်တဲ့လုပ်ရပ်တွေကိုရှောင်ကြဉ်ကြဖို့ KNLA စစ်ဦးစီးချုပ်ပြော

တော်လှန်ရေးမှာအဓိကအင်အားကလူထုဖြစ်တာကြောင့်လူထုရဲ့ချစ်ခင်လေးစားမှုကိုရရှိဖို့လိုအပ်ပြီးလူထုဆန့်ကျင်တဲ့လုပ်ရပ်တွေကိုရှောင်ကြဉ်ကြဖို့ကရင်အမျိုးသားအစည်းအရုံး (KNU )လက်အောက်ခံကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဓာတ်ပုံ -Wild Bird

သြဂုတ် – ၁၂​၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

တော်လှန်ရေးမှာအဓိကအင်အားကလူထုဖြစ်တာကြောင့်လူထုရဲ့ချစ်ခင်လေးစားမှုကိုရရှိဖို့လိုအပ်ပြီးလူထုဆန့်ကျင်တဲ့လုပ်ရပ်တွေကိုရှောင်ကြဉ်ကြဖို့ကရင်အမျိုးသားအစည်းအရုံး (KNU )လက်အောက်ခံကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီနေ့ (သြဂုတ်လ ၁၂ရက် )မှာကျရောက်တဲ့(၇၆)ကြိမ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ KNLA စစ်ဦးစီးချုပ်က ထည့်သွင်းပြောကြားတာပါ။

မပြီးဆုံးသေးတဲ့တော်လှန်ရေးလုပ်ငန်းတွေကိုညီညီညွတ်ညွတ်၊စည်းစည်း လုံးလုံး၊ ရဲရင့်ပြတ်သားစွာ ဆက်လက်လုပ်ဆောင်ကြရမှာဖြစ်တယ်လို့ ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

KNU ဥက္ကဋ္ဌစောဘဦးကြီးကျဆုံးသွားတဲ့၁၉၅ဝ ခုနှစ်၊ဩဂုတ်လ ၁၂ရက်‌ ကိုကရင့်အမျိုးသားအာဇာနည်‌နေ့အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ကျင်းပနေတာပါ။

လက်နက်ချစကားအလျဉ်းမ‌ပြောရ ၊ကရင့်လက်နက်ကရင့်လက်ထဲတွင် ရှိရမယ်၊၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမယ်၊ ကရင်ပြည်ကို အသိအမှတ်ပြုခြင်းပြီးပြည့်စုံ‌စေရမယ်ဆိုတဲ့အချက်လေးချက်ဟာ စောဘဦးကြီးရဲ့ လမ်းစဉ်မူလေးချက်အဖြစ်ထင်ရှားပါတယ်။

ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့လမ်းစဉ်နဲ့ ရည်ရွယ်မျှော်မှန်းချက်တွေမပြီးပြည့်စုံသေးသလိုတော်လှန်ရေးခရီးဟာလည်း မပြီးဆုံးသေးဘူးလို့ ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောပါတယ်။

စောဘဦးကြီးနဲ့တကွ ခေါင်းဆောင်အဆက်ဆက်ကလက်ဆင့်ကမ်းချပေးထားခဲ့တဲ့ မိမိတို့ရဲ့လမ်းစဉ်လုပ်ငန်းစဉ်အပေါ်မှာမားမားမတ်မတ်ရပ်တည်ကြဖို့ကိုလည်း KNLA စစ်ဦးစီးချုပ်က တိုက်တွန်းထားပါတယ်။

ကရင့်တော်လှန်ရေးဟာနှစ်ပေါင်း(၇၇)နှစ်၊ကရင့်အာဇာနည်နေ့ဟာနှစ်ပေါင်း(၇၆)ကြိမ်တိုင်ခဲ့ပြီဖြစ်ပေမယ့်လည်းဒီနေ့ထိတိုင်မိမိတို့ရဲ့တော်လှန် ရေးအပေါ် လူထုတွေကအားပေးထောက်ခံမှုရှိနေဆဲဖြစ်ပြီးကရင့်တော် လှန်ရေးခေါင်းဆောင်တွေ၊တပ်ဖွဲ့ဝင်တွေအနေနဲ့ လည်းလူထုဆန့်ကျင်တဲ့လုပ်ရပ်တွေကိုရှောင်ကြဉ်ဖို့ KNLA စစ်ဦးစီးချုပ်ကသဝဏ်လွှာကနေ တိုက်တွန်းသွားတာပါ။

ဆက်စပ်သတင်းများ

သတင်း

ယခင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ကျန်းမာရေးအရ အနားယူ၊ ဒုစစ်ဦးစီးချုပ်အဖြစ် တပ်မဟာ(၃) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလေးတြော်ကို ခန့်အပ်