Connect with us

Hi, what are you looking for?

သတင်း

အလှပြင်ဆိုင်လာတဲ့ စစ်တပ်အရာရှိတဦးပစ်ခတ်ခံရပြီးသေဆုံး

မြောင်မြို့ပေါ်က အလှပြင်ဆိုင် (Beauty Salon)ကိုလာပြီးဆံပင်ညှပ်ခေါင်းလျှော်တဲ့ စစ်တပ်အရာရှိတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်​တွေကပစ်ခတ်ခဲ့တာ​ကြောင့်သေဆုံးခဲ့ပါတယ်။

မြောင်မြို့ပေါ်က အလှပြင်ဆိုင် (Beauty Salon)ကိုလာပြီးဆံပင်ညှပ်ခေါင်းလျှော်တဲ့ စစ်တပ်အရာရှိတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်​တွေကပစ်ခတ်ခဲ့တာ​ကြောင့်သေဆုံးခဲ့ပါတယ်။

သြဂုတ်-၁၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

မြောင်မြို့ပေါ်က အလှပြင်ဆိုင် (Beauty Salon)ကိုလာပြီးဆံပင်ညှပ်ခေါင်းလျှော်တဲ့ စစ်တပ်အရာရှိတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်​တွေကပစ်ခတ်ခဲ့တာ​ကြောင့်သေဆုံးခဲ့ပါတယ်။

မြောင်မြို့ပေါ်ရပ်ကွက်တစ်ခုမှာရှိတဲ့အလှပြင်ဆိုင်မှာ သြဂုတ် ၁၇ ရက် ကစစ်တပ်အရာရှိတဦးအရပ်ဝတ်နဲ့ တစ်ဦးတည်းလာပြီးဆံပင်ညှပ်ခေါင်းလျှော်နေတဲ့ သတင်းကို စစ်တပ်ထဲက သတင်းပြန်ရလို့ သွား​ရောက်ပစ်ခတ်ရှင်းလင်းလိုက်တာလို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

” ဒီနေ့( ဩဂုတ်လ ၁၇ရက်) နေ့ခင်းမှာဖြစ်တာပါဗျ။ သေတာက တပ်ရင်းမှူးလို့သိရတယ်။ သူကခေါင်းလာလျှော်တာ။ အခုတော့ အဲဒီပတ်ချာလည်မှာ စစ်တပ်ကပိတ်ဆို့ပြီးစစ်နေတယ်”လို့ တော်လှန်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မြောင်မြို့​ပေါ်က စစ်တပ်စခန်းချတဲ့ဆနရာနဲ့ မီတာ ၁၀၀ ​ကျော် ( ​ပေ ၃၀၀ ​ကျော်)အကွာက ဆံပင်ခေါင်းလျှော်ဆိုင်တစ်ဆိုင်မှာစစ်ကြောင်းမှူးရာထူးအဆင့်ရှိ စစ်ကောင်စီအရာရှိတစ်ဦး ခေါင်းလာလျှော်နေချိန် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အမှတ်(၃) တပ်ရင်း MOCစစ်ကြောင်းကရုပ်သံနဲ့သတင်းထုတ်ပြန်ထားပါတယ်။ ​

သေဆုံးစစ်သားရဲ့အမည်၊ ရာထူးတာဝန် စတဲ့အ​သေးစိပ်အချက်အလက်​တွေကို​တော့ People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါဘူး။

“နာမည်က စနိုက်ပါဇော်ကြီးပါတဲ့ အများကခေါ်ကြတာသိရပါတယ်။အဆင့်တော့အတိကျမသိရသေးပါ။တော်တော် အရေးပါတဲ့သူလို့သိရပါတယ်” လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အမှတ်(၃) တပ်

ရင်း MOCစစ်ကြောင်းမှတာဝန်ရှိသူက​ပြောပါတယ် ။

အဆိုပါစစ်သားပစ်ခတ်ခံရပြီး စခန်းမှစစ်သားအများအပြားထွက်လာကာ ဘေးပတ်ဝန်းကျင်ကို​သေနတ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး အ​လောင်းကို​ကောက်ယူသွားတယ်လို့ သူကဆက်​ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ဟာ လူထုတော်လှန်ရေးအားကောင်းပြီး စစ်တပ်ထိန်းချုပ်နိုင်ခြင်းမရှိတဲ့မြို့နယ်ဖြစ်ပါတယ်။ စစ်တပ်ကလေကြောင်းကနေမကြာခဏဗုံးကြဲတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။ ဒီနေ့ဖြစ်စဉ်ကြောင့် လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးရဲဘော်တွေကသတိပေးထားပါတယ်။

“ပြည်သူတွေတော့ တလရ အပေါ်သွေးမအေးကြပဲ ဆက်လက်ပြီးတက်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကြဖို့မေတ္တာရပ်ခံပါတယ်။ပြည်သူတွေကအဓိကကြတာမို့ ပြည်သူမပါရင် မအောင်မြင်နိုင်ပါဘူး”လို့စစ်​ကြောင်းတာဝန်ရှိသူက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်မှာ သီချင်းဆိုရင်း PDFတွေ အလင်းဝင်ဖို့ မိုက်နဲ့အော်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရကြောင်း T.G.R ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ် နဲ့ လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်ကဗိုလ်မှူးအဆင့်အရာရှိတချို့ပါဝင် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီကစုံစမ်းသိရပါတယ်။

သတင်း

ဘန်ကောက်မြို့တော်မှာ ထိုင်းအာဏာပိုင်တွေဟာ အလှပြင်ဆိုင် တစ်ခုကို စီးနင်းခဲ့ပြီး တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသမီးငယ် ၄ ဦး အပါအဝင် ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

သတင်း

အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ဟာ ဆူရတ်ဌာနီ ပြည်နယ်ထဲက ခိုဆမွိုင်မြို့မှာ နိုဝင်ဘာ ၈ ရက်နေ့တုန်းက ထိုင်း ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

Trending

Facebook