ဒီဇင်ဘာ-၂၅၊ ၂၀၂၅။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်မှာ သီချင်းဆိုရင်း PDFတွေ အလင်းဝင်ဖို့ မိုက်နဲ့အော်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရကြောင်း T.G.R ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၂၄ ရက် ည ၇နာရီခန့်က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းမှာ ဆောင်းဘောက်စ်ဖွင့်ပြီး ခရစ္စမတ်အကြို သီချင်းဆိုနေတဲ့ စစ်အုပ်စုကို ၆၀ မမ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း . T.G.R ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“PDf များအလင်းဝင်ဖို့ ဆက်သွယ်နိုင်တယ်လို့ မိုက်ပစ်နေတာ။ ဘောက်ဖွင့်ပြီး သီချင်းဆိုနေကျတာ။

Public Service Announcement
60မမ သုံးလုံး ပစ်ကြွေးလိုက်တာ အကုန်တန်းအိပ်သွားတာ”လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်သားတစ်ဦးဒဏ်ရာရပြီး ရဲတစ်ဦးလည်း MA4 အောက်တွဲ ၄၀ မမနဲ့ ပြန်ပစ်ချိန်ပြောင်းကွဲပြီး ဒဏ်ရာရတယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
အဲဒီစစ်ဆင်ရေးကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁၊ စစ်ကိုင်းခရိုင် ထုတ်လုပ်ရေးဌာနနဲ့ မြောင်မြို့ မြို့မ တိုက်နယ်ပကဖ ကိုဝေလင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပါတယ်။


















































