Connect with us

Hi, what are you looking for?

သတင်း

ထိုင်း အလှပြင်ဆိုင် တစ်ခုမှာ တရားမဝင် အလုပ်လုပ်နေတယ်ဆိုပြီး မြန်မာ ၅ ဦး အဖမ်းခံရ

အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ဟာ ဆူရတ်ဌာနီ ပြည်နယ်ထဲက ခိုဆမွိုင်မြို့မှာ နိုဝင်ဘာ ၈ ရက်နေ့တုန်းက ထိုင်း ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

(မြန်မာ ၅ ဦးဖမ်းဆီးခံခဲ့ရတဲ့ အလှပြင်ဆိုင်)
(မြန်မာ ၅ ဦးဖမ်းဆီးခံခဲ့ရတဲ့ အလှပြင်ဆိုင်)

-People’s Spring

အလှပြင်ဆိုင် တစ်ခုမှာ တရားမဝင် အလုပ်လုပ်မှုနဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ဟာ ဆူရတ်ဌာနီ ပြည်နယ်ထဲက ခိုဆမွိုင်မြို့မှာ နိုဝင်ဘာ ၈ ရက်နေ့တုန်းက ထိုင်း ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

သူတို့ဟာ ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပန်းစားရာ ကျွန်းပေါ်က Perfect nails ဆိုတဲ့လက်သည်း နဲ့ အလှအပ ဝန်ဆောင်မှု ပေးတဲ့ဆိုင်မှာ တရားမဝင် အလုပ်လုပ်နေကြတယ်ဆိုပြီး ဖမ်းဆီးခံရတာပါ။

Public Service Announcement

Public Service Announcement

ထိုင်းမှာ တချို့သော အလုပ်အကိုင်တွေဟာ ဝန်ထမ်းခန့်အပ်မှုနဲ့ ပတ်သက်လို့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ဥပဒေတွေကို တိကျစွာ လိုက်နာဖို့ လိုပေမယ့် အဲဒီ မြန်မာ ၅ ယောက်က ချိုးဖောက်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။ ထိုင်းမှာ မြန်မာ အလုပ်သမား​တွေကို သတ်မှတ်ထားတဲ့ အလုပ်​တွေမှာသာလုပ်ခွင့်ပြုပြီး ကျန်အလုပ်​တွေလုပ်ရင် တရားမဝင်လုပ်တယ်ဆိုပြီး ဖမ်းဆီး​လေ့ရှိပါတယ် ။မြန်မာ အလုပ်သမား​တွေတရားဝင်လုပ်ခွင့်ပြုထားတဲ့ အလုပ်​တွေဟာ အလုပ်ကြမ်း​တွေများပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ နိုင်ငံအနှံ့မှာ တရားမဝင် ရွှေ့ပြောင်း အလုပ်လုပ်သူတွေကို ရှာဖွေဖော်ထုတ် ဖြိုခွင်းဖို့ စီမံချက် ချမှတ် အကောင်အထည် ဖော်နေပြီး အခုဖမ်းဆီးမှုကလည်း အဲဒီ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

အာဏာပိုင်တွေက မြန်မာ ၅ ယောက်ဟာ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ခိုးဝင်လာတာလို့ စစ်ဆေး တွေ့ရှိထားကြောင်း လည်းပြောကြားခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ စစ်ဆေး အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဇွန်လ ၅ ရက်နေ့ကနေ အောက်တိုဘာ ၂ ရက်ထိ အတောအတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ၂၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက ဒေသတွင်း စျေးရောင်းပွဲတော် တစ်ခုမှာ လူတစ်စုက ဓားတွေ၊ ပြောင်းတိုသေနတ် တစ်လက်ကို အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ကိုယ့်အိမ်မှာပဲကိုယ် အလုပ်လုပ်နေပေမယ့် ကျားဖြန့် အထင်ခံရပြီး ရဲက လာစစ်ဆေးတာ ကြုံတွေ့ခဲ့ကြောင်း ထိုင်းနိုင်ငံသား တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ မျှဝေထားခဲ့ပါတယ်။