Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီကတိုက်ပွဲတွေမှာ စစ်တပ်အရာရှိတွေပါ သေဆုံး​နေ

ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ် နဲ့ လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်ကဗိုလ်မှူးအဆင့်အရာရှိတချို့ပါဝင် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီကစုံစမ်းသိရပါတယ်။

ရက္ခိုင်-ဧရာဝတီအစပ် တိုက်ပွဲ​တွေမှာ​၂၀၂၅နှစ်ဆန်းပိုင်းမှာတွေ့ရနဲ့ AAတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-AA Infodesk

နိုဝင်ဘာ-၁၂၊၂၀၂၅။မိထက်/People’s account

ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ် နဲ့ လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်ကဗိုလ်မှူးအဆင့်အရာရှိတချို့ပါဝင် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီကစုံစမ်းသိရပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတဲ့ဧရာဝတီတိုင်းကစစ်မျက်နာတွေဆီကို ပြီးခဲ့တဲ့ဩဂုတ်လကစတင်ပြီးစစ်တပ်က ရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်က စစ်တပ်ရင်းတွေ ပို့ဆောင်ထားတာဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီး နဲ့ လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာအနီး ပတ်ဝန်းကျင်မှာ အောက်တိုဘာလဆန်းကစပြီး တိုက်ပွဲတွေပြင်ထန်ခဲ့ပြီး စစ်ကောင်စီဘက်မှာထိခိုက်သေဆုံးမှုတွေရှိနေတာပါ။

Public Service Announcement

Public Service Announcement

“အရာရှိတွေပါထိတာ။ကျတော့်သူငယ်ချင်းဗိုလ်မှူးဆိုရင် သာပေါင်းကို ရောက်တာမကြာသေးဘူး။ AAရဲ့ စနိုက်ဘာထိတယ်” လို့ ပုသိမ်မြို့က အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

သာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတပ်မ (၆၆)လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AAက နိုဝင်ဘာလ၁၁ရက်နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။

အော်တိုဘာလ၃ရက်နေ့ကနေ နိုဝင်ဘာလ၇ရက်နေ့အတွင်း တိုက်ပွဲတွေမှာ ရှေ့တန်းကနေထွက်ပြေးလာလို့ ဖမ်းမိထားသူ ၂၀ကျော်၊ လက်နက်ချ အလင်းဝင်ရောက်သူ ၂၀ကျော်ရှိတယ်လို့ AAကထုတ်ပြန်ထားပါတယ်။

“သာပေါင်းနဲ့လေးမျက်နှာမှာက တိုက်ပွဲတွေဆက်တိုက်ကိုပြင်းထန်နေတာ။ ထိခိုက်သေဆုံးတာတွေကများတယ်။ သတင်းကတော့ သီးခြားထုတ်ပြန်မထားကြဘူး” လို့ AAနဲ့ မဟာမိတ်တပ်ဖွဲ့တစ်ခုက သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုစာရင်းကိုတော့ သေချာမရရှိသေးပါဘူး။

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းကစစ်မျက်နာတွေဆီကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့အခြေစိုက် စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေနဲ့ မွန်ပြည်နယ်ကတပ်ရင်းအချို့ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။

သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်ဟာ ရခိုင်ပြည်နယ်၊ဂွမြို့နယ် နဲ့ ဆက်စပ်နေပါတယ်။၂၀၂၄ ခုနှစ်နှောင်းပိုင်းက ဂွမြို့သိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေများခဲ့ပါတယ်။သေဆုံးတဲ့သူတွေထဲမှာ တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနဲ့တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ ပါဝင်ခဲ့တယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။သာပေါင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ဇန်နဝါရီလက တိုက်ပွဲထဲမှာလည်း သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင် AAရဲ့ စနိုက်ဘာကျည်ထိမှန်ပြီးသေဆုံးခဲ့ဖူးပါတယ်။

ဒါ့အပြင် လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာဧရာဝတီတိုင်းထဲက ဟင်္သာတ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တွေနဲ့လည်း ဆက်စပ်နေပါတယ်။ လေးမျက်နှာမြို့နယ်ဟာ ဟင်္သာတခရိုင်၊ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)နဲ့လည်း မိုင်အနည်းငယ်သာဝေးပါတယ်။ ယခုရက်ပိုင်းမှာ စစ်တပ်က တတက(၅)ကို အင်အားအများအပြားဖြည့်းတင်းနေသလို အဲဒီကနေလက်နက်ကြီးတွေပစ်ခတ်မှုပိုမိုများပြားလာတယ်လို့ စုံစမ်းသိရပါတယ်။

စက်စက်ယိုကျေးရွာအပါအဝင် လေးမျက်နှာမြို့နယ်ထဲက စစ် ကောင်စီစခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားတာဖြစ်ပြီးစစ်တပ်က တန်ပြန် စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူငါးထောင်ကျော်ရှိနေပြီး အကူအညီတွေပေးကြဖို့အတွက် ဧရာဝတီတိုင်းထဲက အရပ်ဖက်လှုမှုကူညီရေးလုပ်ဆောင်သူတွေက တောင်းဆိုထားပါတယ်။

တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်တ်ကအရပ်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ၂၃ရက်ကလေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ AYAPDF အမှတ်(၂၉)ဗျူဟာက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ သာပေါင်းနဲ့ လေးမျက်နှာအပြင် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက ကပစ(၁၆)အနီး၊ညောင်ကျိုးကျေးရွာမှ လေလာတောင် ပတ်ဝန်းကျင်၊ မကွေးတိုင်းငဖဲမြို့နယ်မှ နတ်ရေကန်ဗျူဟာကုန်းတွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AAက နိုဝင်ဘာ ၁၁ ရက်ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။