ဩဂုတ်-၁၇၊၂၀၂၆။တေဇ/People’s Spring
စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်ပြည့်စုံစွာ တပ်ဆင်ထားတဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်ကို Hybrid Ai Fusion Drone နဲ့စမ်းသပ် ပစ်လွှတ်တိုက်ခိုက်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ ဝရဇိန် တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
“မအလ ရဲ့လေကာစနစ်ဟာ ဝရဇိန်ရဲ့ နည်းပညာအောက်မှာ အလုပ်မဖြစ်ပါဘူး။AI Hybrid Drone စမ်းသပ်မှု အောင်မြင်မှု ၉၀ ရာခိုင်နှုန်းကျော်ပါတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၁၆ ရက် နေ့လည် ၂ နာရီမှာ တောင်ငူလေတပ်စခန်းထဲကို Ai Fusion Drone နဲ့ စမ်းသပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းက လေတပ်စခန်းထဲက လေကာစနစ် အဆင့်ဆင့်ကို ကျော်ဖြတ်ကာ တိုက်လေယာဉ်တွေထားတဲ့ Open Sheft အနီး မီတာ ၄၀၀ ခန့်အကွာမှာ အားကုန်ကာ ကျရောက် ပေါက်ကွဲခဲ့တာလို့ ဝရဇိန်အဖွဲ့က ဒရုန်းဗီဒီယိုမှတ်တမ်းနဲ့အတူ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
“အတော်လေးကြမ်းတဲ့ ရာသီဥတု ၊ တော်တော်ကြီးကြမ်းတဲ့ လေကာစနစ်ထဲကို Long Range Flight စမ်းသပ်မှုပါ။ မောင်းနှင်တာက ကိုယ်ပိုင် Warazein Ground Control Station နဲ့ပါ။” လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။
အဲဒီစမ်းသပ်တိုက်ခိုက်မှုအတွက် ကူညီပေးခဲ့ကြတဲ့ နတ်စစ်သည် တပ်ဖွဲ့နဲ့ ၃၅၀၄ တပ်ထောက် ရဲဘော်တွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
စမ်းသပ်မှုမှာ ဒရုန်းရှေ့တည့်တည့်ကပြင်းထန်တဲ့လေတိုက်ခတ်မှုနဲ့ လေထုစိုထိုင်းစ ၉၀ ရာခိုင်နှုန်းကျော်ရှိနေတာက ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
“ပြည်သူတွေအတွက် တရားမျှတမှုကို ဝရဇိန်က ယူဆောင်ပေးပါမယ်” လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။


















































