Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုနယ် စစ်ရေးတင်းမာလာနိုင်​လို့ ပြည်သူတွေလုံခြုံရေးအတွက် PDF သတိပေး

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

( ဝန်သိုမြို့နယ်ရှိ ခလရ(၁၁၁)မှာ စစ်သား​တွေကို ၂၀၂၅ ​အောက်တိုဘာ ၁၀ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ-ကောလင်းခရိုင်အမှတ်(၄)တပ်ရင်း )

သြဂုတ်-၁၉၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က ဝန်းသိုမြို့အခြေစိုက် ခြေမြန်တပ်ရင်းခမရ (၁၁၁) ၊ ခမရ (၁၂၀)ထဲကို လေကြောင်းကနေအင်အားဖြည့်တင်းနေပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပါဝင်လာပြီး မြို့အနီးပတ်ဝန်းကျင်ကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်တပ်ကစစ်ရေးပြင်ဆင်လာတဲ့အတွက် သတိပြုနေထိုင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကိုလည်း ဂရုစိုက်ဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အကယ်၍စစ်တပ်က လေကြောင်းတိုက်ခိုက်ပါက တိုက်ခိုက်ခံရတဲ့နေရာကိုလူမှုကွန်ရက်ပေါ်မတင်ကြဖို့နဲ့တင်တဲ့သူကိုအရေးယူမယ်လို့ သတိပေးထားပါတယ်။ဒေသခံတွေအနေနဲ့လုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်းတောင်းဆိုထားပါတယ်။

ဝန်းသိုမြို့နယ်နဲ့ကောလင်းမြို့နယ်ကြားမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ဖူးပါတယ်။ကောလင်းမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ သစ်ဖုလတောင်ကိုဝန်းသိုမြို့ထဲက ခမရ(၁၀၁)နဲ့ ခမရ(၁၂၀)က အင်အား ၂၀၀ ခန့်ပို့ဆောင်ပြီး စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ၇ရက်ကဖြစ်ခဲ့တဲ့တိုက်ပွဲမှာခမရ(၁၂၀)က တပ်ကြပ်ကြီးထူးထူးနိုင်ဆိုသူအပြင်စစ်သား၇ဦးကို PDF​တွေကဖမ်းမိခဲ့ပါတယ်။ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှာထိခိုက်မှုရှိခဲ့သလို စစ်တပ်ကသေဆုံးမှုတွေလည်းများပြားခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ဟာ လက်ရှိမှာ ဝန်းသိုမြို့နဲ့ဆက်စပ်နေတဲ့ ပင်လည်ဘူးမြို့နယ်ကိုပစ်မှတ်ထားပြီး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဩဂုတ် ၁၆ရက်ကနေ သြဂုတ်၁၈ရက်နေ့အထိ သုံးရက်ဆက် လေကြောင်းက​နေဗုံးကြဲခဲ့တာ​ကြောင့်အရပ်သားဆယ်ဦးသေဆုံးပြီး ၂ဝဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။ သြဂုတ် ၁၉ ရက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေတဲ့အတွက်ပြည်သူ​တွေသတိပြုကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook