Connect with us

Hi, what are you looking for?

သတင်း

လင်းလင်း နဲ့ ချစ်သုဝေ တို့ရဲ့ Theatre 21

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကိုမမေ့လျော့ကြဖို့အဓိကရည်ရွယ်တဲ့ Theatre 21 (ပြဇာတ် ၂၁)ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ရက်မှာ အမေရိကန်နိုင်ငံမေရီလန်းမှာ ပြုလုပ်မယ်လို့​​ကြေညာပါတယ်။

ဩဂုတ်-၂၅၊၂၀၂၆။ဆဏ်း/People’s Spring

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကိုမမေ့လျော့ကြဖို့အဓိကရည်ရွယ်တဲ့ Theatre 21 (ပြဇာတ် ၂၁)ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ရက်မှာ အမေရိကန်နိုင်ငံမေရီလန်းမှာ ပြုလုပ်မယ်လို့​​ကြေညာပါတယ်။

ဒီပွဲက နွေဦးတော်လှန်‌ရေးမှာ ကျဆုံးသူ‌တွေရဲ့ မိသားစုတွေအပါအဝင် CDM မိသားစုတွေနဲ့ ပညာရေးရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး တော်လှန်အနုပညာရှင် လင်းလင်း နဲ့ ချစ်သုဝေတို့ ပါဝင်ဖျော်ဖြေမှာပါ။

ဒီပွဲရဲ့ ပိုစတာမှာ နွေဦးတော်လှန်‌ရေး စတင်ခဲ့ချိန်ကနေ ဒီနှစ် ဇွန် ၁၆ အထိပြုစုထားတဲ့ ကျဆုံးသူ ၈၀၀၀ ကျော်ရဲ့ နာမည် ၊ အသက်တွေကိုရေးသားထားတယ်လို့ ပွဲစီစဉ်တဲ့ Maryland Music Concert က အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“Theatre 21 Album ထဲက သီချင်းတွေ တခွေလုံးဆိုမှာပါ။ရိုက်ကူးရေးလုပ်ပါမယ်။ ဖုန်းနှင့်ရိုက်ခွင့်မပြုပါ။ ရှိုးပွဲပြီး မကြာခင်မှာ လက်မှတ်နှင့် Onlineပြသပါမယ်။ပြသပြီး မကြာခင် ခွေထုတ်ရောင်းပါမယ်။ သေတဲ့အထိ သိမ်းဆည်းရမယ့် ပစ္စည်းအချို့ပါပါမယ်။” လို့ ဒီဖျော်ဖြေပွဲ နဲ့ ပတ်သက်ပြီး လင်းလင်းက ရေးသားထားပါတယ်။

Theatre 21 ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ပွဲတွေ အွန်လိုင်း ပြသမှုတွေကနေ ရရှိလာတဲ့ အကျိုးအမြတ်‌တွေအားလုံးကို ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်မိသားစုတွေ ၊ ခပ်မာမာ ဖြတ်သန်းနေဆဲ CDM မိသားစုတွေနဲ့ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမယ်လို့ လင်းလင်းက တရားဝင်အသိပေးထားပါတယ်။

ကျဆုံးရဲဘော်တွေရဲ့မိသားစုတွေနဲ့ CDM မိသားစုတွေအတွက် မြေပြင်က မိတ်ဆွေတွေရဲ့ အကူအညီနဲ့ စာရင်းပြုစုပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးမြေပြင်ထဲက ပညာတော်ပြီး ဘွဲ့ရတဲ့အထိဆက်လက်သင်ယူခါ နိုင်ငံအတွက် တာဝန်ပြန်ထမ်းမယ့် လူငယ်၃ ဦးကို နိုင်ငံခြားပညာတော်သင်လွှတ်မှာပါ။တိုင်းရင်းသားတဦး၊ ယောက်ျားလေးတဦး၊ မိန်းကလေးတဦးပါ။ ကျနော်ထိစပ်ယုံကြည်ရတဲ့ မြေပြင် ပညာရေးCDM လူကြီးသူမများက လူငယ် ၂၀၀ကျော်ထဲကနေ ရွေးချယ်ထားတာပါ။” လို့ ပညာရေးရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး လင်းလင်းက အသိပေးထားပါတယ်။

Theatre 21 က လင်းလင်းရဲ့ ခြောက်ခွေမြောက် တစ်ကိုယ်တော်ခွေ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်ကဖြန့်ချိခဲ့တာပါ။

ဒီအခွေထွက်တဲ့ အချိန်ကလည်းExclusive Package ရောင်းချရာမှာ ကျဆုံးရဲဘော်တွေရဲ့ နာမည်တွေရေးထိုးထားတဲ့ ပဝါတွေထည့်ပေးခဲ့ပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ နာမည်တွေကို လင်းလင်းကိုယ်တိုင်လည်း သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တတ်တူးတွေရေးသားထားတာပါ။

လင်းလင်း နဲ့ ချစ်သုဝေတို့က ၂၀၂၅ မှာ ရောင်နီ နာမည်နဲ့ အမေရိကန်နိုင်ငံ က မြို့ ၁၁ မြို့မှာ ဖျော်ဖြေပွဲတွေပြုလုပ်ပြီး အမေရိကန်ဒေါ်လာ ၇သိန်းခွဲကျော်ကို အရေးပေါ်သဘာဝဘေးနဲ့စစ်ရှောင်များ ၊ ကျန်းမာရေး ၊ ပညာရေး နဲ့ တောင်ပေါ်တောင်အောက် လူ့အခွင့်အရေးလှုပ်ရှားမှု တွေအတွက်ပံ့ပိုးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း လင်းလင်းက သူ့ရဲ့ YouTube ‌Members တွေနဲ့ Facebook Subscriptions Groupကရရှိတဲ့ ငွေတွေကို မြေပြင်ကCDM တွေအတွက် ပို့ဆောင်ပေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဩဂုတ်လမွေးနေ့ရှင် တော်လှန်အနုပညာရှင် ချစ်သုဝေ က သူမရဲ့ မွေးနေ့မှာ သီချင်းသစ်တစ်ပုဒ်ဖြန့်ချိမယ်လို့ အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရောင်နီပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်ရရှိခဲ့တာ‌ကြောင့် ရောင်နီ ၇ ပွဲကနေ အမေရိကန်ဒေါ်လာ ၅၆၉,၀၀၀ ကျော်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။