သြဂုတ် ၂၆၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်မှာ အစာအဆိပ်သင့် မှုဖြစ်လို့ ကိုရင်တွေနဲ့သံဃာအပါး ၇၀ ကျော် ဆေးရုံပို့ထားရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၂၆ ရက် မနက်ပိုင်းက မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်းမှာ စာသင်သား ကိုရင်တွေနဲ့ သံဃာတော်တွေ ဆွမ်းဘုဥ်းပေးစဥ် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဆေးရုံပို့ရတဲ့အထဲ ကိုရင်အပါး ၃၀ ကျော်ပါတယ်။ တစ်ကျောင်းလုံးနီးပါး ဖြစ်တာပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီအစာအဆိပ်သင့်မှုကြောင့် မန္တလေးဆေးရုံကြီးကို အပါး၃၀၊ ကျောက်မီးတိုက်နယ်ဆေးရုံမှာ ၄၆ပါး ပို့ထားရပြီး မစိုးရိမ်ရဘူးလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး)ထံက သိရပါတယ်။
အဆိုပါ စာသင်တိုက်မှာ စာသင်သား ၁၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အစာအဆိပ်သင့်မှူ ဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။


















































