Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးက ဘောလုံးပွဲ ခဲမိုးရွာလို့ ပွဲပျက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲမှာ ကစားသမားတွေတင်မကဘဲ နှစ်ဘက်ပရိသတ်တွေပါ အငြင်းပွားမှုဖြစ်ပြီး တုတ်တွေ၊ခဲတွေနဲ့ပါ ပစ်ပေါက်ခဲ့ကြတာကြောင့် ပွဲပျက်သွားခဲ့ပါတယ်။

Screenshot

ဇူလိုင် ၂၆၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲမှာ ကစားသမားတွေတင်မကဘဲ နှစ်ဘက်ပရိသတ်တွေပါ အငြင်းပွားမှုဖြစ်ပြီး တုတ်တွေ၊ခဲတွေနဲ့ပါ ပစ်ပေါက်ခဲ့ကြတာကြောင့် ပွဲပျက်သွားခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာမှာ မိုးရာသီအလွတ်တန်း(ဂိုးလတ်ပြိုင်ပွဲ) ကျင်းပခဲ့ရာမှာ မန္တလေးမြို့အနီးတဝိုက် ကျေးရွာတွေက ဘောလုံးအသင်းတွေ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါတယ်။ မနေ့က ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီက မေတ္တာပေါင်းကူးအသင်းနဲ့ ကံပိုင်(က)အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာမှာတော့ နှစ်ဘက် အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပရိသတ်ထဲမှာပါ တုတ်တွေခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့် ပြေးလွှားတိမ်းရှောင်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဒီနှစ်သင်းလုံးကို ကော်မတီက ဆုံးဖြတ်ချက်မရှိဘဲ အနိုင်အရှုံးမပေးဘူး။..ပြဿနာဖြစ်တဲ့အထဲမှာ ဘောလုံးသမားတွေ ပါဝင်တာကို မှတ်ထားပါတယ်။ အဲဒီဘောလုံးသမားတွေကို ပွဲပယ်သွားမှာဖြစ်ပါတယ်။ မိမိတို့ အနိုင်ရရှိနေသော်လည်း မြင်လို့မကောင်းအောင် လိုက်သောင်းကျန်းနေတဲ့ဘောလုံးသမားတွေ ရှိပါတယ်။ အဲဒီအသင်းတွေကို ပွဲပယ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီလောက်ကြီး မိမိလည်း နိုင်ရဲ့သားနဲ့ အဲလောက်ကြီးကျ အဆင်မပြေဘူးခင်ဗျ။ ပရိသတ်အချင်းချင်းဖြစ်တာ လက်ခံနိုင်ပါတယ်။ ဘောလုံးသမားထဲမှာ ဆိုးဆိုးရွားရွား လေးယောက်လောက် တွေ့ပါတယ်။ ကျွန်တော်များ ပွဲပယ်သွားမှာဖြစ်ပါတယ်။ အသင်းအုပ်ချုပ်သူ၊ အဓိကတာဝန်ရှိသူတွေအနေနဲ့လည်း မိမိတို့ အသင်းသား​တွေကို မထိန်းနိုင်တဲ့အတွက် ပွဲပယ်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပရိသတ်တွေဖြစ်တာနဲ့ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။”လို့ ပွဲကျင်းပရေးကော်မတီက မိုက်နဲ့ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ခဲမိုးရွာခဲ့တာကြောင့် နန္ဒာမြောက်ကျေးရွာ မိုးရာသီအလွတ်တန်း(ဂိုးလတ်ပြိုင်ပွဲ) ရှုံးထွက် ပွဲစဉ်တွေကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း၊ ပရိသတ်ရန်ပွဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကစားသမားတွေကို ပွဲပယ်ပြစ်ဒဏ်တွေချဖို့ အစည်းအဝေးလုပ်နေတယ်လို့ နန္ဒာမြောက်ဘောလုံးကော်မတီက ကြေညာပါတယ်။

“လုံခြုံရေး တော်တော်အားနည်းတယ်ဗျာ။ တရုတ်ကားတွေကြည့်ထားလို့တော်သေးတယ်”လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

အဆိုပါဖြစ်စဥ်ဟာ ဘောလုံးကွင်းထဲတင်မကဘဲ Tiktok ပေါ်အထိ ရန်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ကျေးရွာအချင်းချင်းပါ ထိပါးပြောဆိုတာ၊ ရေးသားတာတွေရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်မှာ အစာအဆိပ်သင့် မှုဖြစ်လို့ ကိုရင်တွေနဲ့သံဃာအပါး ၇၀ ကျော် ဆေးရုံပို့ထားရ​ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။