Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမှာ မီတာပုံးတစ်လုံး EPCက ကျပ်သိန်းဆယ်ချီတောင်းနေ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)က မီတာပုံးတစ်လုံး ကျပ်သိန်းဆယ်ချီတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်တနေရာမှာ လျှပ်စစ်သွယ်တန်းခြင်းများ ပြုလုပ်နေစဥ်။ဓာတ်ပုံ-ပုသိမ်ကြီး EPC

နိုဝင်ဘာ-၆၊၂၀၂၅။မေရီ/People’s Spring

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)က မီတာပုံးတစ်လုံး ကျပ်သိန်းဆယ်ချီတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ အိမ်သုံး လျှပ်စစ်မီတာတွေ အမြန်တပ်လိုပါက ကျပ်နှစ်သိန်းခွဲ၊ ပုံမှန်တပ်ပါက ကျပ်တစ်သိန်းတိတိကို မြို့နယ်လျှပ်စစ်ရုံးက မီတာဖတ်စာရေးတွေ၊ ရုံးကအကြီးအကဲတွေက တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“ မီတာအဆံမပါသေးဘဲ တိုက်ရိုက်သုံးခိုင်းပြီး ပိုက်ဆံတောင်းခိုင်းတာတွေလည်း ရှိတယ်။” လို့ ပုသိမ်ကြီးမြို့နယ်ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လယ်မြေတွေမှာပါ မီတာတပ်ဆင်ပါက မီတာရုံးကဝန်ထမ်းတွေက ကျပ်သိန်းဆယ်ချီယူပြီး တပ်ပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ မီတာတစ်လုံးနှစ်ဆယ် အစိတ်တောင်းတာ။ ၃၂ သိန်းအထိ တောင်းတာ။” လို့ ပုသိမ်ကြီးမြို့နယ်က အခြား ဒေသခံတဦးက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်လက်အောက်ခံ မီတာရုံးက ဝန်ထမ်းတွေဟာ မီတာတွေကို သေချာမဖတ်တော့ဘဲ ခန့်မှန်းရေးထည့်လိုက်တာတွေကြောင့် မီတာခတွေ ပိုမိုကုန်ကျနေတယ်လို့လည်း မန္တလေးမြို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်သူတွေက မီတာခမဆောင်ဘဲ ဆန္ဒပြခဲ့လို့ လျှပ်စစ်ရုံးကဝန်ထမ်းတွေဟာ မီတာတွေကို လိုက်လံဖြုတ်သိမ်းခဲ့ပြီး ပြန်တပ်ပါက ကျပ်သိန်းချီတောင်းခဲ့ဖူးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၁၅၀လောက်ကို စစ်တပ်က ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ အဲဒီမြို့ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့အနီးက မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်မှာ သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကိုပြန်ရဖို့ စစ်တပ်က အင်အားအများအပြားနဲ့ ပြန်ထိုးစစ်ဆင်နေပြီး ဝသုန္ဒရ ကျေးရွာအတွင်း မှာ ဇူလိုင် ၂၅ ရင်ကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဒေသခံ အချို့က​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ဒဟတ္တောကျေးရွာမှာတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး စစ်တပ်က ဝင်တပ်စွဲပြီး​ ပြည်သူ​တွေကိုတော့နှင်ထုတ်လိုက်တယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။

သတင်း

မန္တလေးမြို့ရဲ့မြောက်ဘက်ကပုသိမ်ကြီးမြို့နယ်အထိတိုက်ပွဲတွေဖြစ်နေပြီးမန္တလေးကျုံးရဲ့ မြောက်ဘက်ခြမ်းအထိ တိုက်ပွဲသံ တွေကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။