Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တိုက်ပွဲ စစ်တပ် အထိနာ

စစ်သုံ့ပန်း ၁ဦး ဖမ်းမိပြီး၊ ဒရုန်း ၃စီး ဖျက်စီးနိုင်ဟု မိုးဗြဲ PDF ထုတ်ပြန်

(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − Mobye People Defense Force)

ဩဂုတ်−၂၈၊၂၀၂၆။ဇော်၀င်း/People’s Spring

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးသူများပြီး စစ်သုံ့ပန်း ၁ဦးဖမ်းမိတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လကစပြီး ဩဂုတ် ၂၇ ရက်အထိ ၃လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအရ မိုးဗြဲမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ (၄၂၂) တပ်ရင်း ကာကင်းမှ ထွက်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဇွန်လ ၂၉ ရက်က မိုးဗြဲမြို့အနီးမှာရှိတဲ့ စစ်တပ်ရဲ့ ကာကင်းစခန်း ၁ခုကို မိုးဗြဲ PDF နဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းပွဲမှာ စစ်တပ်က ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်က ရုပ်အလောင်း ၁လောင်း၊ အရှင် ၁ဦး နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

စခန်းသိမ်းခံရတာကြောင့် စစ်တပ်က ဇူလိုင် ၇ ရက်နဲ့ ၈ရက်မှာ လွယ်ယင်းတောင်ခြေအနီး ကာကင်းယူကာ ထိုးစစ်ဆင်ဖို့ ထပ်မံရောက်ရှိလာတာကြောင့် ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာလည်း စစ်တပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ရုပ်အလောင်း ၂ လောင်း မျက်မြင်တွေ့ရှိခဲ့ရသော်လည်း လက်နက်ခဲယမ်းသိမ်းဆည်းရမိခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၆ ရက် ညနေပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး ဩဂုတ ၂၇ ရက်၊ နံနက် ၅ နာရီခွဲ၀န်းကျင်မှာ စစ်ကြောင်းထိုး ချဉ်းကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ညနေပိုင်းမှာ မဟာမိတ်အဖွဲ့တွေက ဒရုန်းနဲ့ ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF က ဖော်ပြပါတယ်။

ဒီကနေ့ (ဩဂုတ် ၂၈ ရက်) မနက်ပိုင်းမှာလည်း အင်အား ၁၅၀ ကနေ ၂၀၀ နီးပါး ပါဝင်တဲ့ စစ်တပ် စစ်ကြောင်းက လွယ်ယင်းတောင်ခြေကို ထပ်မံချဉ်းကပ်လာပြီး ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖယ်ခုံ၊ မိုးဗြဲ (၄၂၂)၊ လွိုင်ကော်နဲ့ လွိုင်လင်လေးအခြေစိုက် တပ်ရင်းတွေက ၆၀ မမ၊ ၈၁ မမ နဲ့ ၁၂၀ မမလက်နက်ကြီးတွေနဲ့ တစ်ရက်တည်း အလုံးပေါင်း ၈၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်အချို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လကနေ ဩဂုတ်အထိ ၃လတာကာလအတွင်း စစ်တပ်ရဲ့ဒရုန်း ၃ စီးကို ဟန့်တားဖျက်ဆီးနိုင်ခဲ့ပြီး ၂ စီးက ပျက်စီးသွားကာ ၁စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပါတယ်။

တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အပြင် စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေကို ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေအနေနဲ့ သွားလာခွင့်ပိတ်ပင်ထားသောလမ်းကြောင်းတွေကို အသုံးမပြုဖို့လည်း တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲနေလို့ လယ်စိုက်နေသူတွေ ထွက်ပြေးခဲ့ရပြီး ပျိုးနုတ်နေတဲ့ လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကဩဂုတ်လ ၂၆ ရက်နေ့ညနေပိုင်းမှာ ချင်းပြည်နယ်ပလက်ဝမြို့နယ် မီးဇာရွာကို လေယာဉ်အုပ်နဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။