Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ထုတ်ပယ်ခံရ

မြောက်ကိုရီးယား အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးကို ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - KCNA

မြောက်ကိုရီးယား အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးကို ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

နိုကွမ်ချိုဟာ ဝန်ကြီးတာဝန်ကနေ ရပ်စဲခြင်း ခံခဲ့ရရုံသာ မကဘဲ အာဏာရ အလုပ်သမား ပါတီရဲ့ ခေါင်းဆောင်ပိုင်း အဆင့်ကနေပါ ရာထူးအလျှော့ ခံခဲ့ရကြောင်း အစိုးရပိုင် KCNA သတင်းဌာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဩဂုတ် ၃၀ ရက်နေ့ သတင်းထဲမှာတော့ မြောက်ကိုရီးယားရဲ့ စစ်မက်ရေးရာ ခေါင်းဆောင်ပိုင်းနေရာ ပြင်ဆင်ဖွဲ့စည်းမှုတွေအရ နိုကို ကာကွယ်ရေး ဝန်ကြီးအဖြစ်ကနေ ဖယ်ရှားလိုက်တာလို့ ပါရှိခဲ့ပါတယ်။ နိုဟာ ပါတီထဲမှာလည်း ခဲယမ်းထုတ်လုပ်မှုဌာန ဒုတိယညွှန်ကြားရေးမှူး ၁ အဖြစ် ပြောင်းလဲ ခန့်အပ်ခံခဲ့ရပြီး ပါတီခေါင်းဆောင်ပိုင်း နေရာကနေ ရာထူးချ ခံခဲ့ရပါတယ်။

ဖွဲ့စည်းပုံနဲ့ ရာထူးနေရာ အပြောင်းအလဲတွေ ကိစ္စကို ဩဂုတ် ၂၉ ရက်နေ့က နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်း ဦးဆောင်တဲ့ အစည်းအဝေး တစ်ခုမှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း KCNAက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားစစ်တပ်ရဲ့ အထွေထွေ နိုင်ငံရေးဗျူရို ညွှန်ကြားရေးမှူး ကင်မ်ဆောင်ဂီဟာ ကာကွယ်ရေး ဝန်ကြီးအသစ် ဖြစ်လာပါတယ်။

မြောက်ကိုရီးယား စစ်တပ်ရဲ့ နောက်ထပ် အကြီးတန်း အရာရှိ တစ်ဦးဖြစ်သူ ကာကွယ်ရေး အကြံပေး ပက်ဂျောင်ချုံဟာ ဗဟိုစစ်ရေး ကော်မရှင် (CMC)ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသလို အာဏာရ ပါတီရဲ့ ပေါ်လစ်ဗျူရို အဖွဲ့ထဲမှာလည်း ထည့်သွင်းခံခဲ့ရပါတယ်။ KCNAဟာ နောက်ထပ် သိသာထင်ရှားတဲ့ စစ်ဘက်ရာထူး အပြောင်းအလဲတွေကိုလည်း ကြေညာသွားခဲ့ပါတယ်။

သီးခြားသတင်းတစ်ပုဒ်မှာတော့ ခေါင်းဆောင်ကြီး ကင်မ်ဟာ ဩဂုတ် ၂၉ ရက်နေ့ အခမ်းအနား တစ်ခုမှာ နိုင်ငံရဲ့ စစ်လက်နက် နည်းပညာ တိုးတက်ရေးအတွက် ကြိုးစားပေးခဲ့တဲ့ သုတေသီတွေ၊ သိပ္ပံပညာရှင်တွေ၊ အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို ချီးကျူးစကား ပြောခဲ့သလို အစိုးရရဲ့ ဂုဏ်ပြု ဆုတံဆိပ်တွေ အပ်နှင်းခဲ့ကြောင်း KCNAက ဖော်ပြသွားပါတယ်။

နိုင်ငံရဲ့ လက်နက်သုတေသန စင်တာဟာ မကြာသေးခင် ကာလတွေအတွင်း ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေကို အောင်အောင်မြင်မြင် ဖော်ထုတ်လာနိုင်တယ်လို့ KCNAကဆိုပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက်မပေးခဲ့ပါဘူး။

ဇွန်လတုန်းက ကင်မ်ဟာ ပြည်တွင်းမှာ ထုတ်လုပ်ပြီး အကွာအဝေး ပိုမိုချဲ့ထွင် တိုက်ခိုက်နိုင်တဲ့ အတွဲလိုက်ပစ် ဒုံးကျည်စနစ်တွေနဲ့ လက်နက်ကြီးတွေ စမ်းသပ်မှုကို ကိုယ်တိုင် ကြီးမှူးခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်ရင် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်လက် ပူးပေါင်းပြီး ကိုင်တွယ်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်နေချိန်နဲ့ တိုက်ဆိုင်ပြီး မြောက်ကိုရီးယားက တာတို ပဲ့ထိန်းဒုံးကျည် ၁၀ စင်းထက်မနည်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အခုနှစ်ကုန်ပိုင်းလောက်ကျရင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖြစ်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းလုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယား အစိုးရ မီဒီယာက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

Facebook