Connect with us

Hi, what are you looking for?

သတင်း

မြေပြင်တိုက်ပွဲအထိနာတဲ့ စစ်တပ်က ရှုံးမဲမဲပြီး ပြည်သူကို ဗုံးကြဲ​လို့ အရပ်သားတွေ အစုလိုက်သေဆုံးဟု ချင်းတပ်ထုတ်ပြန်

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

(မင်းတပ်မြို့နယ် ဝုမ်းခုမ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု အပြီးမြင်ကွင်း။ ဓာတ်ပုံ − HKL)

ဩဂုတ် ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး အသိပေးထုတ်ပြန်ရာမှာ အရပ်သားပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရကြောင်းအသိပေးထားပါတယ်။

၀ုမ်းခုမ်ရွာမှာ စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် မူလတန်းကျောင်းသား ၂ဦး ၊ ၉တန်းကျောင်းသူ ၁ဦး ၊ စစ်ရှောင် ၂ဦး၊ သက်ကြီးရွယ်အို အဘိုးအဘွား တွေအပါအဝင် ဒေသခံ ပြည်သူ ၈ဦး သေဆုံးကာ ၁၅ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

လူနေအိမ်အများအပြား ထိခိုက်ပျက်စီးပြီး အခြားပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU) ထိန်းချုပ်နယ်မြေဖြစ်သော မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာလို့ မေလကတည်းက တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။ အင်အားထောင်ချီနဲ့လာတဲ့ စစ်ကောင်စီတပ်ကို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်လျက်ရှိပါတယ်။

လက်ရှိမှာ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ အနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ထိုးစစ်များကို ခုခံဟန့်တားထားနိုင်ပြီး စစ်မြေပြင်တွင် အခြေအနေမကောင်းသော အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အရပ်သားပစ်မှတ်များဖြစ်သော လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦ များနဲ့ ဆိုင်ခန်းများကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ အာဏာသိမ်းစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကြားမိကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနယ်မြေဒေသတွေ ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ စစ်မျက်နှာ ၄ခုမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊မြစ်ကမ်းကြီးကျေးရွာရဲ့ အနောက်ဘက်မြစ်အတွင်းကတံငါသည်တွေကို စစ်တပ်က ပစ်ခတ်လို့ တံငါသည် ၁ဦး သေနတ်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် လူနေကျေးရွာတွေနဲ့ မြို့ပေါ်တွေကို Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook