Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွီဒင်အတွက် ပြင်သစ်က နည်းပညာမြင့် ဖရီးဂိတ် စစ်သင်္ဘောတွေ ရောင်းချပေးဖို့ စာချုပ်ချုပ်ဆို

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဩဂုတ် ၃၁ ရက်နေ့က ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ရဲ့ ဆွီဒင်နိုင်ငံ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်အရ ပြင်သစ်ဟာ ဆွီဒင်ရေတပ်အတွက် ခေတ်မီ ဖရီးဂိတ် စစ်သင်္ဘော ၄ စီးကို တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။

ဆွီဒင်ဟာ NATOရဲ့ သက်တမ်း အနုနယ်ဆုံး အဖွဲ့ဝင် နိုင်ငံသစ် တစ်ခုဖြစ်ပြီး ဘောလ်တစ် ဒေသရဲ့ လုံခြုံရေးအတွက် မဟာဗျူဟာအရ အရေးကြီးတဲ့ အခန်းကဏ္ဍမျိုးကနေ ပါဝင် ပတ်သက်နေပါတယ်။ ရုရှားဟာ အဲဒီ ဒေသတွင်းက ရေလမ်းကြောင်းနဲ့ လေပိုင်နက်နားမှာ အင်အားအလုံးအရင်း ဖြန့်ကျက်ထားပါတယ်။

မာခရွန်က ဥရောပ နိုင်ငံတွေဟာ စစ်ရေးမှာ ကိုယ့်အားကိုယ်ကိုးနိုင်စွမ်း ပိုမို မြှင့်တင်ပြီး အမေရိကန်အပေါ် အလွန်အကျွံ မှီခိုနေရမှုကို လျှော့ချနိုင်စေမယ်လို့ ကတိပြုထားပြီး ဆွီဒင်ဆီ စစ်သင်္ဘောတွေ ရောင်းချပေးမယ့် အစီအစဉ်က အဲဒီကတိရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ဆွီဒင် ဝန်ကြီးချုပ် အားလ်ဖ် ခရစ္စတာဆန်ကတော့ ပင်လယ်ထဲက ကမ်းဝေးစစ်ဆင်ရေးတွေ၊ ပဲ့ထိန်းဒုံးကျည် ကြားဖြတ်ဟန့်တားမှု မစ်ရှင်တွေမှာ အဲဒီ ဖရီးဂိတ် အသစ်တွေက အရေးပါတဲ့ ပလက်ဖောင်းတွေ ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

သဘောတူညီမှုအရ ဆွီဒင်ဟာ ပြင်သစ် သင်္ဘောကျင်းလုပ်ငန်း Naval Groupက တည်ဆောက်မယ့် သင်္ဘောတွေကို ယူရို ၄.၃ ဘီလီယံနဲ့ ဝယ်ယူမယ်လို့ သိရပါတယ်။ အဲဒီ သင်္ဘောတွေဟာ ပြင်သစ် ရေတပ်ရဲ့ နည်းပညာပိုင်း အဆင့်အမြင့်ဆုံး Frégate de Défense et d’Intervention (FDI) အဆင့် ဖရီးဂိတ်တွေဖြစ်ပြီး ဆွီဒင်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မူကွဲမျိုး တည်ဆောက်မှာပါ။ ဆွီဒင်ရေတပ်မှာတော့ အဲဒီသင်္ဘောတွေကို Luleå အဆင့် ဖရီးဂိတ်တွေလို့ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

အခု ပူးပေါင်းဆောင်ရွက်မှုမှာတော့ ဆွီဒင်ရဲ့ လုံခြုံရေးကို ပြင်သစ်က ကူညီ အားဖြည့်ပေးတာဖြစ်ကြောင်း၊ အာတိတ်ဒေသနဲ့ ဘောလ်တစ်ပင်လယ်ပြင် လုံခြုံရေး၊ ဖင်လန်နိုင်ငံမှာ NATOရဲ့ တပ်အင်အား ပိုမိုဖြန့်ကျက်ရေး၊ ယူကရိန်းကို ဝိုင်းဝန်း အကူအညီပေးရေးနဲ့ ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကို တွန်းလှန်ရေးမှာ မိတ်ဖက်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်လာနေတာကို ကြိုဆိုကြောင်း ဆွီဒင် ဝန်ကြီးချုပ် ခရစ္စတာဆန်က ပြောကြားသွားပါတယ်။

ပြင်သစ်က ရောင်းချပေးမယ့် ဖရီးဂိတ် စစ်သင်္ဘောတွေမှာ ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်မယ့် လေကြောင်း ကာကွယ်ရေး စနစ်တွေ တပ်ဆင်ထားပြီး တာဝေးပစ် ခရုစ်ဒုံးကျည်တွေ၊ ပင်လယ်ပြင် ပစ်မှတ်တွေကို ချေမှုန်းနိုင်တဲ့ တော်ပီဒိုတွေလည်း ပါဝင်လာမှာပါ။

ရေယာဉ်တွေ ရောင်းချခြင်းနဲ့အတူ ဆွီဒင်ရေတပ်သားတွေကို လေ့ကျင့်ပေးဖို့လည်း ပြင်သစ်က တာဝန်ယူထားပြီး ပထမဆုံး ရေယာဉ်ကိုတော့ ၂၀၃၀ ပြည့်နှစ်လောက်မှာ စတင် ပို့ဆောင်နိုင်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

ကိုးကား: Le Monde

ဆက်စပ်သတင်းများ

သတင်း

ကသာနဲ့ ရွှေကူကြား စစ်သင်္ဘောတွေ တိုက်ခိုက်ခံရ၊ သင်္ဘောအချို့ ရွှေ့ကူမြို့ရောက်

သတင်း

ကချင်ပြည်နယ် ဦးတည်လာတဲ့ စစ်သင်္ဘောတွေဟာ စစ်ကိုင်းတိုင်း ကသာမြို့ကနေ ဒီကနေ့မနက်မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာလာတယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook