Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာဂျစ္စတန်မှာ အစည်းအဝေးတက်ရင်း ပူတင်နဲ့ ရှီကျင့်ဖျင် တွေ့ဆုံ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာဂျစ္စတန် နိုင်ငံမှာ အစည်းအဝေးတက်ရင်း တွေ့ဆုံခဲ့ကြပါတယ်။

ဓာတ်ပုံ - AP

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာဂျစ္စတန် နိုင်ငံမှာ အစည်းအဝေးတက်ရင်း တွေ့ဆုံခဲ့ကြပါတယ်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)ရဲ့ ညီလာခံကို အာရှအလယ်ပိုင်း ဒေသတွင်း နိုင်ငံမှာ ၂ ရက်ကြာ ကျင်းပပြီး ဩဂုတ် ၃၁ ရက်နေ့မှာ ရှီနဲ့ ပူတင်တို့ သီးခြား တွေ့ဆုံခဲ့တာပါ။ အဲဒီ အစည်းအဝေးကို အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်း၊ တူရကီ သမ္မတ ရာဂျစ် တာယစ် အာဒိုဝမ်၊ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ၊ ပါကစ္စတန် သမ္မ ရှာဘက်ဇ် ရှရစ်ဖ်တို့လည်း တက်ရောက်ခဲ့ပါတယ်။

နှစ်စဉ် ကျင်းပတဲ့ SCO အစည်းအဝေးတွေဟာ ရှီနဲ့ ပူတင်တို့က သူတို့ရဲ့ နိုင်ငံတကာရေးရာ မူဝါဒတွေကို ပုံရိပ်မြှင့်တင်ဖို့၊ အနောက်နိုင်ငံတွေအပေါ် ဆန့်ကျင်မှုကို ပူးပေါင်းပြသဖို့ အသုံးချတဲ့ ကိရိယာတွေလို ဖြစ်ခဲ့ပါတယ်။

နှစ်ဦး တွေ့ဆုံကြချိန်မှာတော့ ရှီက ပူတင်နဲ့ ဆုံရတာကို ဝမ်းသာကြောင်း၊ တရုတ်နဲ့ ရုရှား ဆက်ဆံရေးဟာ ပိုမိုကျစ်လစ် ခိုင်မာလာတဲ့အပြင် ဒီထက် တောက်ပလာဦးမယ့် အနာဂတ် အလားအလာတွေကို မြင်နေရကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ကလည်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ကဏ္ဍပေါင်းစုံမှာ အောင်မြင်နေတယ်လို့ ချီးကျူးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ မေလတုန်းက နောက်ဆုံး တွေ့ထားခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်ခွဲလောက်က ဖြစ်ပွားခဲ့တဲ့ ယူကရိန်း စစ်ပွဲနောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် ရုရှားရဲ့ စီးပွားရေးဟာ တရုတ်အပေါ် အကြီးအကျယ် မှီခိုလာရပါတယ်။

ရှီနဲ့ ပူတင်တို့ တွေ့ဆုံမှုမှာတော့ ယူကရိန်း စစ်ပွဲအကြောင်းကိုသာ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ SCOဟာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုပဲ အဓိက ထားခဲ့ပေမယ့် မကြာသေးခင် နှစ်ပိုင်းတွေအတွက် ရုရှားနဲ့ တရုတ်တို့ရဲ့ နိုင်ငံရေးအရ ဦးဆောင်တဲ့ လွှမ်းမိုးမှုတွေ သိသိသာသာ ပိုမိုကြီးထွားလာတယ်လို့ နိုင်ငံတကာရေးရာ အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO)ရဲ့ ညီလာခံ တက်ရောက်ဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ကာဂျစ္စတန် နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

ဆောင်းပါး

ထရမ့်ကို အခွန်(tariff) တိုးကောက်ခွင့် အာဏာအသစ်တွေ ပေးတာဟာ ယူကရိန်းကို ကူညီရာ မရောက်ပါ။

ဆောင်းပါး

"စာချုပ် ၁၀ ခု လက်မှတ်ထိုးတယ်" ဆိုတဲ့ သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန်နဲ့ တိုးတက်တော့မယ့်ပုံစံမျိုး ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဥရောပအခြေစိုက် သတင်းဌာန တချို့ကတော့ ဒီခရီးစဉ်ကို အဲဒီလို မမြင်ပါဘူး။

သတင်း

မင်း​အောင်လှိုင်က ဧရာဝတီတိုင်းရေ​ကြီးတာကို​ပြောပြီး စစ်ကိုင်းတိုင်း​ရေကြီးတာကိုချန်လှပ်​ပြော

Facebook